14/04/2026
လူလို ပျော်ပါ
လူတိုင်းက ပျော်ချင်ကြပါတယ်။
မိမိ တတ်နိုင်သလောက် လူ့စည်းကမ်းဘောင်ထဲမှာ အပျော်ရှာခွင့်လဲ ရှိပါတယ်။
အရေးကြီးတာက လူ မှန်ရင် ကိုယ်ချင်းစာစိတ် ရှိရပါမယ်။
ဒါကြောင့် —-
(၁) ကိုယ်က အစားကောင်း စားနေချိန်မှာ ထမင်း တစ်လုတ်အတွက် ရုန်းကန်နေရသူတွေ ရှိနေတာ မမေ့ပါနဲ့။
(၂) ကိုယ်က အရက်နှင့် စည်းစိမ်ခံနေချိန်မှာ သောက်ရေတောင် ရဖို့ ခက်ခဲနေသူတွေကို သတိရပေးပါ။
(၃) ရာသီဥတု ပူလို့ ကိုယ့်အိမ်မှာ အဲကွန်းဖွင့် နားနေချိန်မှာ အိမ်ယာမဲ့သူတွေရဲ့ ဒုက္ခကို စာနာပေးပါ။
(၄) ကိုယ့်မိသားစု အပျော်ခရီးထွက်နေချိန်မှာ မလွှဲသာလို့ မွေးရပ်ကို စွန့်ခွါရသူတွေကို မြင်အောင်တော့ ကြည့်ခဲ့ပါ။
(၅) တန်ခိုးကြီး ဘုရားတွေ၊ နာမည်ကြီး ဘုန်းကြီးကျောင်းတွေမှာ ကိုယ့်မိသားစု အလှူလုပ် ကုသိုလ်ယူချိန်မှာ နေဖို့ ပျက်စီးသွားတဲ့ ကျောင်းလေးတောင် ပြန်ပြင်ဖို့ အလှူရှင် မရှိတဲ့ ရဟန်းတွေ သီလရှင်တွေ အတွက်လဲ တွေးပေးပါ။
(၆) ကိုယ့်ကလေး စာတော်လို့ ဆုတက်ယူနေချိန်မှာ
စာသင်ဖို့ အခွင့်အရေးတောင် မရတဲ့ ကလေးတွေရဲ့ မျက်နှာလေးတွေကို မြင်ကြည့်ပါ။
ပျော်ပါ။ ဒါပေမယ့် ကိုယ်ချင်းစာစိတ်လေးနှင့် လူလို ပျော်ကြပါ။
13/04/2026
၂ ခါ မရနိုင်တဲ့ အခွင့်ကောင်း
ရုံးခန်း၊ သင်တန်းကျောင်း၊ ရှော့ပင် စင်တာ ဖွင့်မလား?
မိသားစု ညီအကိုမောင်နှမတွေ မခွဲမခွါ အတူနေမလား?
အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံထားမလား?
အပေါ်မှာ ရေးထားတဲ့ထဲက တစ်ခုခုကို စိတ်ဝင်စားသူတွေ အတွက် ရှားရှားပါးပါး အခွင့်အရေးပါ။
ရန်ကုန်မြို့မှာ အချက်အချာကျပြီး သွားရေးလာရေး လွယ်ကူတဲ့ မြန်မာဂုဏ်ရည်ဂမုန်းပွင့်အနီးရှိ နှစ်ဖက်ပွင့်လမ်းပေါ်က
ပေ 25x50 —- 7ထပ်လုံးခြင်းတိုက်
ဘေးလှေခါး
ဂျိုးဖြူရေ ၂ လိုင်း
ပါဝါမီတာ ၁လုံး
ရိုးရိုးမီတာ ၇လုံး
Quality ကောင်း
ဂရန်မြေ —- မြေပိုင်ဆိုင်မှုအပါ
ခိုင်မာမှုကို စိတ်ကြိုက်စစ်ပါ
စကားကို ပွင့်လင်းမှန်ကန်ခိုင်မာစွာ ပြောနိုင်မှ လာဆက်သွယ်ပါ
ပေါချောင်ကောင်း လိုချင်သူတွေ၊ အာများတဲ့ သူတွေနှင့် အချိန်မဖြုန်းပါ
ကျပ်သိန်း 40,000 / ညှိုနှိုင်း
ဘယ်နိုင်ငံကဘဲ လှမ်းဝယ်ဝယ် အထူး အဆင်ပြေမယ်
(ရောင်းမယ့်ပိုင်ရှင် ရဲ့ ခွင့်ပြုချက်ဖြင့် ရေးတာပါ။ Plus Hope page က Information Sharing လုပ်ပေးရုံပါ။ အမှန်တကယ် စိတ်ဝင်စားရင် Plus Hope page ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။)
မြန်မာတွေ အတွက် နိုင်ငံခြားတိုင်းပြည်တွေမှာ တရားဝင် ရေရှည် နေထိုင်ခွင့် visa ရယူတာတွေ၊ company လုပ်ငန်း ကိစ္စတွေ၊ ဘဏ်နှင့် ငွေကြေးကိစ္စတွေ၊ အိမ်ခြံမြေ ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေနှင့် ပညာရေး ကိစ္စတွေမှာ Plus Hope page က ဝန်ဆောင်မှုပေးနေခဲ့တာ နှစ်တွေအများကြီးကြာခဲ့ပါပြီ။ Customer ကို ပေးခဲ့တဲ့ ကတိဆိုရင် အခုထိ မပျက်သေး ပါဘူး။
Plus Hope page ကိုသာ တိုက်ရိုက် ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်လိုက်ပါ။
21/02/2026
ကတိ တစ်လုံးကြောင့် …
အသေးစိတ်ကို အောက်မှာ ဆက်မဖတ်ခင် ပုံကို သေချာကြည့်ပါ။ စလုံး ၁၀၀ တန်တွေမှာ ဘာထူးခြားတာတွေ တွေ့မိကြလဲ?
***
မနှစ်တုန်းကပေါ့ —-
Customer: စလုံး ရနိုင်မလား? # # # လောက် အနဲဆုံး လိုချင်တယ်။
PH staff: ဟုတ်ကဲ့ ရပါတယ်။ (စိတ်ထဲမှာတော့ —- ဒါလေးများ မခက်ပါဘူး။)
Customer: အသစ်ဘဲ လိုချင်တယ်။ Serial number အစဉ်လိုက် လိုချင်တယ်။ ရမလား?
PH staff: ဘာလို့များ ဒီလိုမျိုး လိုချင်တာလဲရှင်? အသစ် နှင့် အဟောင်းက အတူတူဘဲ မို့ပါ။ (စိတ်ထဲမှာတော့ —- ဒုက္ခဘဲ။ အာများပြီး သက်သက် ရစ်နေတာလား?)
Customer: အသစ်ကိုဘဲ လက်ထဲကိုင် သိမ်းထားချင်လို့။ မင်းတို့ page ကို # # # က အဆင်ပြေတယ်ဆိုပြီး ညွှန်လိုက်လို့။ မရဘူးလား?
PH staff: ဟုတ်၊ ရအောင် ကြိုးစားပေးပါ့မယ်။ အချိန် တစ်ပတ်လောက်တော့ ပေးပါနော်။ (စိတ်ထဲမှာတော့ —- ဘုရား၊ ဘုရား။ customer အဟောင်းတစ်ယောက်ကတော့ ကြိုမပြောဘဲ အချွန်နှင့် မ ပြီ။)
PH staff: အမရေ ကယ်ပါဦး။ # # # တွေတော့ ဖြစ်နေပြီ။
PH Manager: ငါတို့ဘက်က ကတိပေးပြီးမှတော့ ရအောင် လုပ်ရတော့မှာပေါ့။
(စကားချပ်: တစ်ပတ်အတွင်းမှာ လူမော၊ စိတ်မောနှင့် PH staff ခမျာ ဝိတ်တွေတောင် ကျသွား။)
PH Manager: ကဲ ဘယ်လိုလဲ? ကတိပေးလိုက်တာ တန်ရဲ့လား?
PH staff: ၃ / ၄ ရက် အိပ်လို့တောင် မပျော်နိုင်ဘူး အမ။ ဒါပေမယ့် Customer ကျေနပ်သွားတာ မြင်ရတော့ တန်ပါတယ်။
PH Manager: တန်တယ်ဆို ဆက်လုပ်။ ဒါပေမယ့် နောက်ဆို ကတိကို လွယ်လွယ် မပေးနဲ့။
(Customer ရဲ့ ခွင့်ပြုချက်ဖြင့် လ အနည်းငယ် ကြာမှ ရေးတာပါ။)
မြန်မာတွေ အတွက် နိုင်ငံခြားတိုင်းပြည်တွေမှာ တရားဝင် ရေရှည် နေထိုင်ခွင့် visa ရယူတာတွေ၊ company လုပ်ငန်း ကိစ္စတွေ၊ ဘဏ်နှင့် ငွေကြေးကိစ္စတွေ၊ အိမ်ခြံမြေ ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေနှင့် ပညာရေး ကိစ္စတွေမှာ Plus Hope page က ဝန်ဆောင်မှုပေးနေခဲ့တာ နှစ်တွေအများကြီးကြာခဲ့ပါပြီ။ Customer ကို ပေးခဲ့တဲ့ ကတိဆိုရင် အခုထိ မပျက်သေး ပါဘူး။
Plus Hope page ကိုသာ တိုက်ရိုက် ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်လိုက်ပါ။
11/01/2026
ရွှေမြန်မာတို့ အတွက် နိုင်ငံတကာ ဝန်ဆောင်မှု
Plus Hope page ကနေ ဘယ်လို နိုင်ငံတကာ ဝန်ဆောင်မှုတွေ ရနိုင်မလဲဆိုတာ သိပ်ပြီး မကြေငြာတော့ လူတွေ သိပ်မသိကြပါဘူး။ ဘာကြောင့် မကြေငြာတာလဲဆိုရင် Plus Hope page ရဲ့ ဝန်ဆောင်မှု အမျိုးအစားတွေက အများကြီးရှိပြီး customer တွေရဲ့ လိုအပ်ချက်ကလဲ တစ်ဦးနှင့် တစ်ဦး မတူတာများတော့ ပစ္စည်းရောင်းသလို ကြေငြာဖို့က မသင့်တော်လို့ပါ။ နောက်ပြီး Plus Hope page က အင်ဒိုနီးရှား၊ မလေးရှား၊ တရုတ် နှင့် စင်ကာပူ စတဲ့ နိုင်ငံအများကြီးမှာ ဖြန့်ကျက်ဝန်ဆောင်မှု ပေးနေတာဆိုတော့ နိုင်ငံတစ်ခုနှင့် တစ်ခုလဲ ရနိုင်တဲ့ ဝန်ဆောင်မှုကလဲ မတူပါဘူး။ စျေးနှုန်းတွေလဲ မတူပါဘူး။
ဒါကြောင့် နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေ၊ နိုင်ငံခြားနှင့် ချိတ်ဆက်ပြီး စီးပွါးရေးလုပ်နေတဲ့ မြန်မာတွေအနေနှင့် ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကို Plus Hope page မှာ ပွင့်ပွင့်လင်းလင်း လာမေးပါ။ ဖြစ်နိုင် / မဖြစ်နိုင်ကို Plus Hope page က ပွင့်ပွင့်လင်းလင်းဘဲ ပြန်ဖြေပါမယ်။
မြန်မာတွေ အတွက် နိုင်ငံခြားတိုင်းပြည်တွေမှာ တရားဝင် ရေရှည် နေထိုင်ခွင့် visa ရယူတာတွေ၊ company လုပ်ငန်း ကိစ္စတွေ၊ ဘဏ်နှင့် ငွေကြေးကိစ္စတွေ၊ အိမ်ခြံမြေ ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေနှင့် ပညာရေး ကိစ္စတွေမှာ Plus Hope page က ဝန်ဆောင်မှုပေးနေခဲ့တာ နှစ်တွေအများကြီးကြာခဲ့ပါပြီ။
Plus Hope page ကိုသာ တိုက်ရိုက် ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်လိုက်ပါ။
03/01/2026
ရွှေမြန်မာတို့ အတွက် အင်ဒိုနီးရှား (၃)
အင်ဒိုနီးရှား ကွန်ဒို အိမ်ခန်း နှင့် အစားအသောက်
မြန်မာတွေ အင်ဒိုနီးရှားမှာ တရားဝင် ရေရှည် နေထိုင်နိုင်မယ့် အလုပ်အကိုင် ဗီဇာ၊ မိသားစု မှီခို ဗီဇာ၊ ပညာရေး ဗီဇာ၊ အသက်ကြီးသူများ အတွက် အငြိမ်းစား ဗီဇာ စတဲ့ နေထိုင်ခွင့် visa တွေကို Plus Hope page ကလုပ်ပေး နိုင်ခဲ့ပါပြီ။
အင်ဒိုနီးရှားမှာ နေဖို့ဘဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ဘဲဖြစ်ဖြစ် ကွန်ဒို အိမ်ခန်းတွေ ဝယ်/ငှါးမယ်ဆိုရင် စင်ကာပူနှင့် မလေးရှားတို့ထက် အများကြီး စျေးသက်သာပါတယ်။ အများအားဖြင့် ထိုင်းနှင့် မလေးရှားတို့ထက် ပိုပြီး ဘေးကင်းလုံခြုံပါတယ်။
ပုံထဲက ကွန်ဒိုဆိုရင် မြန်မာ မိသားစု တစ်ခုအတွက် စီစဉ်ပေးခဲ့တဲ့ အင်ဒိုနီးရှား ကွန်ဒို အိမ်ခန်းပါ။ မြို့ရဲ့ အဓိက အချက်အချာကျတဲ့အပြင် လုံခြုံစိတ်ချရပြီး အစစ အရာရာ အဆင်ပြေလွယ်ကူတဲ့ ဂျကာတာမြို့ပေါ် ရပ်ကွက်မှာပါ။
အင်ဒိုနီးရှားမှာ အစားအသောက်ကလဲ စင်ကာပူနှင့် မလေးရှားတို့ထက် အများကြီး စျေးသက်သာပါတယ်။ အရသာကလဲ မြန်မာတွေ လက်ခံနိုင်တဲ့ အရသာတွေ များပါတယ်။ လူမျိုး ဘာသာမရွေး နေထိုင်တဲ့ နေရာဖြစ်လို့ ဝက်သားရော အရက်ပါရနိုင်ပါတယ်။ တချို့လူတွေ ထင်သလို အင်ဒိုနီးရှား မြို့တိုင်းမှာ ဝက်သားမရဘူး ဆိုတာ မဟုတ်ပါဘူး။ ထိုင်းလိုမျိုး ဆေးခြောက်ကို ပေါ်တင် ရောင်းလို့ မရတာမို့ အင်ဒိုနီးရှားမှာ ကလေးတွေအတွက် ပိုစိတ်ချရပါတယ်။
နောက်ထပ် အသေးစိတ်တွေကို လာမယ့် ပို့စ်တွေမှာ ရှင်းပြမှာမို့ Plus Hope page ကို Like & Follow လုပ်ထားကြပါနော်။
စင်ကာပူ အပါအဝင် နိုင်ငံခြား တိုင်းပြည်တွေမှာ ငွေ / ဘဏ် ကိစ္စတွေ၊ စီးပွါးရေး ကိစ္စတွေ၊ အာမခံ ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ၊ ပညာရေး ကျောင်း ကိစ္စတွေ၊ အိမ် ဝယ်တာတွေကို ကိုယ်တိုင် လုပ်ဖို့ အခက်အခဲ ရှိတယ် ဆိုရင်တော့ Plus Hope page ကိုသာ တိုက်ရိုက် ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်လို့ ရပါတယ်။
28/12/2025
ရွှေမြန်မာတို့ အတွက် အင်ဒိုနီးရှား (၂)
အင်ဒိုနီးရှားမှာ ရေရှည်နေထိုင်ခွင့် နှင့် ဘဏ် အကောင့်
မြန်မာတွေ အင်ဒိုနီးရှားမှာ တရားဝင် ရေရှည် နေထိုင်နိုင်မယ့် အလုပ်အကိုင် ဗီဇာ၊ မိသားစု မှီခို ဗီဇာ၊ ပညာရေး ဗီဇာ၊ အသက်ကြီးသူများ အတွက် အငြိမ်းစား ဗီဇာ စတဲ့ နေထိုင်ခွင့် visa တွေကို Plus Hope page ကလုပ်ပေး နိုင်ခဲ့ပါပြီ။
ပထမဆုံး အဆင့်က ရေရှည် ဗီဇာ တစ်ခုရဖို့ ဗီဇာ အမျိုးအစားပေါ် မူတည်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေနှင့် ငွေကို ပေးသွင်းရပါမယ်။ ဒုတိယ အဆင့်မှာက long term multiple-entry visa ကျပြီဆိုရင် အင်ဒိုနီးရှားကို သတ်မှတ်ကာလအတွင်း လာရပါမယ်။ အင်ဒိုနီးရှား ရောက်ပြီးရင် တတိယအဆင့်က itas လို့ခေါ်တဲ့ ရေရှည်နေထိုင်ခွင့် ကျပါမယ်။ ဒီ ၃ ဆင့်အတွက် ပျမ်းမျှအချိန် ၁ လ ကနေ ၃ လ ကြာတတ်ပါတယ်။ စာရွက်စာတမ်း မပြည့်စုံရင်တော့ ပိုကြာမှာပါ။ စတုတ္ထ အဆင့်ကတော့ visa အမျိုးအစားပေါ်မူတည်ပြီး လုပ်ရမှာပါ။
အင်ဒိုနီးရှား ဘဏ်ကိစ္စတွေကတော့ တတိယ အဆင့်မှာ itas ရပြီးနောက် စတင်လို့ရပါတယ်။ ဘဏ်အကောင့်ဖွင့်ဖို့ အဓိက လိုအပ်ချက်က customer ရဲ့ နောက်ကြောင်း ကင်းရှင်းဖို့နှင့် ငွေဖြူ ဖြစ်ကြောင်းပြနိုင်ဖို့ပါ။ ဘဏ် အကောင့်ပွင့်ဖို့ ပျမ်းမျှကြာချိန်က ၃ ရက် ကနေ ၂၁ ရက် ကြာပါတယ်။
နောက်ထပ် အသေးစိတ်တွေကို လာမယ့် ပို့စ်တွေမှာ ရှင်းပြမှာမို့ Plus Hope page ကို Like & Follow လုပ်ထားကြပါနော်။
စင်ကာပူ အပါအဝင် နိုင်ငံခြား တိုင်းပြည်တွေမှာ ငွေ / ဘဏ် ကိစ္စတွေ၊ စီးပွါးရေး ကိစ္စတွေ၊ အာမခံ ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ၊ ပညာရေး ကျောင်း ကိစ္စတွေ၊ အိမ် ဝယ်တာတွေကို ကိုယ်တိုင် လုပ်ဖို့ အခက်အခဲ ရှိတယ် ဆိုရင်တော့ Plus Hope page ကိုသာ တိုက်ရိုက် ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်လို့ ရပါတယ်။
27/12/2025
ရွှေမြန်မာတို့ အတွက် အင်ဒိုနီးရှား (၁)
ရွှေမြန်မာတွေအတွက်၂၀၂၅ ခုနှစ်အတွင်းမှာ Plus Hope page ရဲ့ အောင်မြင်မှုတစ်ခုကတော့ အင်ဒိုနီးရှား ပါဘဲ။ ၂၀၂၅ မှာ မြန်မာတွေ အင်ဒိုနီးရှားမှာ တရားဝင် နေထိုင်နိုင်မယ့် အလုပ်အကိုင် ဗီဇာ၊ မိသားစု မှီခို ဗီဇာ၊ ပညာရေး ဗီဇာ၊ အသက်ကြီးသူများ အတွက် အငြိမ်းစား ဗီဇာ စတဲ့ နေထိုင်ခွင့် visa တွေကို Plus Hope page ကလုပ်ပေး နိုင်ခဲ့ပါပြီ။
ဒါ့အပြင် ရွှေမြန်မာတွေ အင်ဒိုနီးရှားမှာ ဘဏ် အကောင့် ကိစ္စတွေ၊ ပညာရေး ကိစ္စတွေ၊ အိမ် ဝယ်ခြင်း၊ စီးပွါးရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းတွေကိုလည်း Plus Hope page မှ ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါပြီ။
Plus Hope page ရဲ့ ထုံးစံအတိုင်း အလုပ်နှင့် သက်သေပြနိုင်ခဲ့ပြီးမှ အသိပေးကြေငြာတာပါ။
အင်ဒိုနီးရှားက ဘယ်သူတွေနှင့် သင့်တော်လဲ?
- Australia , USA , UK နှင့် Singapore စတဲ့ တိုင်းပြည်တွေမှာ ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ တဆင့်ခံ လှေကါးထစ် လိုနေသူတွေ
- နိုင်ငံခြား တိုင်းပြည်တစ်ခုခု မှာ ရေရှည် နေထိုင်ခွင့် တစ်ခု ကိုင်ထားပြီး စိတ်အေးအေး နေချင်သူတွေ
- နိုင်ငံခြားတိုင်းပြည် တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွါးရေး လုပ်ငန်းတွေ၊ ဘဏ် အကောင့်တွေ ရှိထားချင်သူတွေ
- စင်ကာပူ မှာ ကြာကြာနေဖို့ ep ၊ Spass ၊ ltvp ၊ dp ၊ stp စတဲ့ နေထိုင်ခွင့်တစ်မျိုးမျိုး မရခင်မှာ မြန်မာပြည် မပြန်ဘဲ စင်ကာပူနှင့် နီးတဲ့ နေရာမှာ ခေတ္တ နေချင်သူတွေ
- ထိုင်း ၊ မလေးရှား ၊ စင်ကာပူ စတဲ့ တိုင်းပြည်တွေကနေ stay အတွက် ခေတ္တ အထွက်ပြ ဖို့လိုအပ်သူတွေ
နောက်ထပ် အသေးစိတ်တွေကို လာမယ့် ပို့စ်တွေမှာ ရှင်းပြမှာမို့ Plus Hope page ကို Like & Follow လုပ်ထားကြပါနော်။
စင်ကာပူ အပါအဝင် နိုင်ငံခြား တိုင်းပြည်တွေမှာ ငွေ / ဘဏ် ကိစ္စတွေ၊ စီးပွါးရေး ကိစ္စတွေ၊ အာမခံ ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ၊ ပညာရေး ကျောင်း ကိစ္စတွေ၊ အိမ် ဝယ်တာတွေကို ကိုယ်တိုင် လုပ်ဖို့ အခက်အခဲ ရှိတယ် ဆိုရင်တော့ Plus Hope page ကိုသာ တိုက်ရိုက် ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်လို့ ရပါတယ်။
12/10/2025
ခေတ်စားလာတဲ့ ငွေလိမ်နည်း …
နိုင်ငံတကာမှာတော့ ဒီငွေလိမ်နည်းက ဟောင်းနေပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ခေတ်စားလာတဲ့ ငွေလိမ်နည်းပါ။ လိမ်တဲ့သူတွေရဲ့ နာမည်တွေ၊ လိမ်တဲ့ ကုမ္ပဏီတွေရဲ့ နာမည်တွေကိုတော့ ထည့်မရေးတော့ပါဘူး။ အနာရှိသူတွေကတော့ စပ်ကြမှာပါ။
အကြမ်းဖျင်း ဒီငွေလိမ်နည်း အဆင့်ဆင့်က -
(၁) ရှယ်ရာ ဝင်ဖို့ခေါ်ပါမယ်။ ခိုင်မာတဲ့ စာချုပ်နှင့်အမြတ်များများ ပေးမယ်လို့ ပြောပါမယ်။ ဥပမာ - ဒေါ်လာ တစ်ထောင်ကို ငါးနှစ်ထည့်ရင် သုံးလတစ်ကြိမ် အတိုး ၁၀% ပေမယ် ဆိုတာမျိုးပါ။ တချို့ကတော့ Multi Level Marketing (MLM) ပုံစံမျိုး ပစ္စည်း ရောင်းဖို့ အရောင်း ကိုယ်စားလှယ်ခေါ်မယ်။ ကော်မရှင် များများပေးမယ်ပေါ့။ ရောင်းရမယ့် ပစ္စည်းတွေက အများအားဖြင့် နိုင်ငံတကာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ တရားဝင် လိုင်စင် မရှိတဲ့ ဆေးဝါး၊ ကျန်းမာရေး အမည်ခံ စက်ပစ္စည်းတွေ နှင့် အန္တရာယ်များတဲ့ အလှကုန်တွေပါ။ တကယ်တမ်း နိုင်ငံတကာမှာ ဘောင်မဝင်တဲ့ လိုင်စင်တွေတော့ အများကြီး ထုတ်ပြပြီး အယုံသွင်းကြပါလိမ့်မယ်။
(၂) အပေါ်က ရေးထားတဲ့အတိုင်း ပြောပြီး အလိမ်ခံဖို့ လူခေါ်ရင်းနှင့် လူတွေ ယုံကြည်အောင် နိုင်ငံခြား အစည်းအဝေးတွေ၊ နိုင်ငံခြား ခရီးစဉ်တွေ စီစဉ်ပြီးခေါ်ပါမယ်။ ဥပမာ ထိုင်းတို့၊ စင်ကာပူတို့မှာ အစည်းအဝေးတက်ရင်း အလည်အပတ်သွားမယ်ပေါ့။ နိုင်ငံခြား ခရီးစဉ်ကိုလည်း အခမဲ့ သို့မဟုတ် စျေးသက်သက်သာသာနှင့် ခေါ်တာမျိုးပါ။
(၃) လူအထင်ကြီးအောင် နိုင်ငံခြားမှာ ဟန်ပြ ခမ်းနားတဲ့ အစည်းအဝေးတွေ၊ ဟန်ပြ ရုံးခန်းတွေကို ပြမယ်။ အယုံသွင်းတာပါ။
(၄) အစပိုင်းမှာ ယုံကြည်အောင် အမြတ်တွေ၊ ကော်မရှင်တွေ ပေးပြီး အလိမ်ခံဖို့ လူထပ်ခေါ်မယ်။ MLM ပုံစံပါ။
(၅) နောက်ဆုံးတော့ ငွေတွေများများရပြီးရင် လစ်မှာပါ။
ဒီငွေလိမ်နည်းနှင့် ခံရသူအများစုက မသိနားမလည်သူတွေပါ။ အလိမ်ခံရသူတွေ ဘဝပါ ပျက်သွားနိုင်ပါတယ်။
ဒီပိုစ့်ကို ရေးရခြင်း ရည်ရွယ်ချက်က လူတွေ အလိမ် မခံရအောင်ပါ။ မယုံရင်လဲ နေပါ။ ဘာဘဲဖြစ်ဖြစ် “အတဲ့သူ” ခံရမှာဘဲ။
ငွေလိမ်နေသူတွေက ဒီပိုစ့်ကို မကျေနပ်ကြရင် အနာရှိလို့ စပ်တယ်ဘဲ မှတ်ပါမယ်။
နိုင်ငံခြားမှာ စီးပွါးရေး ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ၊ အိမ် ဝယ်တာတွေ၊ နေထိုင်ခွင့် လျှောက်တာတွေ တိုင်ပင်ချင်တယ်ဆိုရင်တော့ Plus Hope page ကိုသာ တိုက်ရိုက် ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်လို့ ရပါတယ်။
29/03/2025
ငလျင် နှင့် အလှူ စိန်ခေါ်မှုများ
တစ်ခုတော့ စေတနာနှင့် ပြောပါရစေ။ ဒီလို ပြောပြရင် နားမလည်တဲ့ နလပိန်းတုံးတွေက ဝိုင်းဆဲမယ်ဆိုတာ သိပေမယ့် အရေးကြီးလို့ အဆုံးထိဖတ်ပေးကြပါ။
တချို့ တိုင်းပြည်တွေမှာ (ဥပမာ - စင်ကာပူမှာ) ဘာကိစ္စကြောင့်ဖြစ်ဖြစ် လူအများဆီမှာ အလှူခံမယ်ဆိုရင် တရားဝင် အလှူခံဖို့ ပါမစ်လိုပါတယ်။ တခါတလေမှာ သူတို့တိုင်းပြည်ရဲ့ အာဏာပိုင်တွေဘက်က သနားလို့ မသိချင်ဟန်ဆောင်ပြီး မဖမ်းပေမယ့် အမြင်ကတ်လို့ တိုင်တဲ့သူများလာရင် သူတို့လဲ ဖမ်းပြရတော့မှာပါ။
နောက်ပြီး ဘဏ်အကောင့်တွေထဲ ငွေ အဝင်/ အထွက် တွေကို သံသယရှိရင် သူတို့ နိုင်ငံရဲ့ ဥပဒေအရ ဘဏ်တွေက အကောင့်ပိုင်ရှင်ကို စစ်ဆေးမေးမြန်းပြီး အကောင့်ပိတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ - စင်ကာပူမှာ အလှူငွေ လက်ခံပေးတဲ့ ဘဏ်အကောင့်ပိုင်ရှင်တွေ၊ ငလျင် ကယ်ဆယ်ရေးအတွက် မြန်မာနိုင်ငံ ပရဟိတ အဖွဲ့တွေဆီ ငွေလွှဲပေးမယ့် ငွေလွှဲဒိုင်တွေ။
ငလျင်ဘေးအတွက် မလှူနဲ့လို့ မပြောဘူးနော်။ အလှူမခံနဲ့လို့ မပြောဘူးနော်။ ငလျင် ကယ်ဆယ်ရေး ပရဟိတတွေဆီ ငွေမလွှဲနဲ့လို့ မပြောဘူးနော်။
သက်ဆိုင်ရာ နိုင်ငံခြားတိုင်းပြည်ရဲ့ ဥပဒေကို သိပြီး ပါးပါနပ်နပ်ရှိဖို့ ပြောတာ။
ဒါတောင် ကလိမ်ကကျစ် အလှူခံတွေကြောင့် ဖြစ်လာမယ့် ပြဿနာတွေကို မပြောသေးဘူး။
ငလျင်အတွက် မှန်မှန်ကန်ကန် ရိုးရိုးသားသား အလှူပေးသူများနှင့် အလှူခံသူများ အဆင်ပြေဖို့ စေတနာနှင့် ပြောတာပါ။
20/02/2025
Stay ရှောင်မယ်ဆိုရင်
အခုတလော စင်ကာပူကနေ တခြားတိုင်းပြည်တစ်ခုခုကို အထွက်ပြပြီး (stay ရှောင်ပြီး) စင်ကာပူကို နောက်တစ်ခေါက် ပြန်ဝင်ဖို့ လူတွေ အပြောများနေပါတယ်။ အများစုကတော့ ပါမစ် cancel လုပ်ခံရသူတွေ၊ အလုပ်ထုတ်ခံရသူတွေဖြစ်ပြီး မြန်မာနိုင်ငံမပြန်ဘဲ ထိုင်း (ဘန်ကောက်)၊ မလေးရှား (ဂျဟိုး) နှင့် အင်ဒိုနီးရှား (ဘာတန်း ၊ ဘင်တန်း) ကို stay ရှောင်ဖို့ မေးမြန်းနေကြတာ မကြာခဏ တွေ့မြင်ရပါတယ်။
အလုပ်အကိုင် ပွဲစားတွေ ၊ stay ရှောင်ဖို့ အခန်းငှါးပေးချင်တဲ့သူတွေ ၊ လေယာဉ်/ကား/သင်္ဘော လက်မှတ် ရောင်းသူတွေ ၊ visa ပွဲစား တွေကတော့ stay ရှောင်လို့ ရပါတယ် ပြောမှာဘဲ။ သူတို့က ငွေရမှာဆိုတော့ ဒီလိုဘဲ ပြောမှာပေါ့။
စင်ကာပူကနေ ဘယ်တိုင်းပြည်ဘဲ အထွက်ပြ stay ရှောင်သည်ဖြစ်စေ ရက်ပိုင်း အတွင်း စင်ကာပူ ပြန်လာမယ်ဆိုရင် စင်ကာပူ က အဝင်မှာ လက်မခံဖို့ များတယ်။
Stay ရှောင်လိုက်တဲ့ နိုင်ငံမှာ ၄ / ၅ လ လောက်နေရင်တော့ စင်ကာပူ ပြန်ဝင်ဖို့ ရနိုင်တယ်။ ဒါတောင် မသေချာဘူး။ ဒါမှမဟုတ် စင်ကာပူ IPA (အလုပ်အသစ် အတွက်) လက်ထဲ ကိုင်ထားရင်တော့ SG ပြန်ဝင်ဖို့ ပို ဖြစ်နိုင်တယ်။
ကိုယ့်ရဲ့ ငွေ အနေအထားရော၊ stay ရှောင်မယ့် နိုင်ငံမှာ ယုံကြည်ရတဲ့ ဆွေမျိုးအရင်း ရှိ/ မရှိရော စဉ်းစားပါ။ ဘယ်တိုင်းပြည်ဘဲ ရောက်ရောက် ငွေ မလောက်ရင် ဒုက္ခရောက် အန္တရာယ်များနိုင်တယ်။
တကယ်တော့ စင်ကာပူသာမက ဘယ်တိုင်းပြည်ဖြစ်ဖြစ် stay ရှောင်မယ်ဆိုရင် အဆိုးဆုံး အခြေအနေကို ကြိုစဉ်းစားကြပါ။
ဒီပိုစ့်ကို ရေးလို့ ပွဲစားတွေ ဝိုင်းဆဲမှာသိပေမယ့် အများအတွက် စေတနာနှင့် ရေးတာပါ။ လက်ခံ / လက်မခံ ကတော့ စာဖတ်သူတွေရဲ့ သဘောပါ။ ကျမတို့က စင်ကာပူမှာ နှစ်ပေါင်းများစွာ နေလာသူဆိုတော့ သိသလောက်ကို ပြောပြတာပါ။
စင်ကာပူမှာ (နိုင်ငံခြား တိုင်းပြည် အများစုမှာ) ငွေ / ဘဏ် ကိစ္စတွေ၊ စီးပွါးရေး ကိစ္စတွေ၊ အာမခံ ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ၊ အိမ် ဝယ်တာတွေကို ကိုယ်တိုင် လုပ်ဖို့ အခက်အခဲ ရှိတယ် ဆိုရင်တော့ Plus Hope page ကိုသာ တိုက်ရိုက် ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်လို့ ရပါတယ်။