ဒီရက်ပိုင်း တွေ့နေ မြင်နေမိတာလေး 😇
အရင်က လူမရှိတဲ့ အိမ်တွေနဲ့ အိမ်မရှိတဲ့လူတွေ အကြောင်း စဥ်စားကြည့်ဖြစ်တယ်
သဘောကျမိတဲ့ ခြံနဲ့ ဝန်းကျယ်ကျယ် အိမ်ကောင်းကောင်းကြီးတွေ တွေ့ရင်...
ခုကျ ဘာတွေးမိလဲဆိုတော့ -
Experience နည်းနေသေးတဲ့ Fresher လေးတွေနဲ့
Experience တွေချည်းပဲ စုမိတဲ့ ၄၀ ကျော် Senior ကြီးတွေ အကြောင်း
Fresher လေးတွေကိုကြည့်ရင် Diploma တွေ တပုံကြီးပဲ
Senior ကြီးတွေကတော့ Experience နဲ့ Income နောက်ပဲ လိုက်နေခဲ့ရတော့ ဘွဲ့လက်မှတ်လေးတစ်ခုနဲ့ပဲ..
Experience ရော Diploma တွေရော ပြည့်စုံတဲ့သူတွေကျ အဝေးမှာ ရေကြည်ရာ မျက်နုရာ ရှာ...
ကျန်ခဲ့တဲ့ထဲက တော်တော်များများက Firm တွေနဲ့ Founder တွေ ပြန်လည်သင်ကြားပေးသူတွေ...
ဆိုတော့ - လုပ်ငန်းရှင်တွေဘက်က ကြည့်ရအောင် 🤔
နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းလို့မရတဲ့ အခြေအနေဖြစ်နေပြီ နော်
ကာလတစ်ခုတုန်းက Position 2ခုလောက်ပေါင်းပြီး တစ်ယောက်တည်းလုပ်ခိုင်းလို့ အဆင်ပြေပေမယ့် အခု မရတော့ဘူးနော်..
ထွက်ပေါက်တစ်ခုတော့ တွေ့ထားတယ်
ကိုယ့်လုပ်ငန်းကို Smart ကျကျ နဲ့ Stable ဖြစ်ဖြစ် ရေရှည် ရပ်တည်သွားချင်တယ်ဆိုရင်ပေါ့ ...
ချစ်ခြင်းအားဖြင့်
Thitsar Account Firm
Workshop.
11/05/2024
စာရင်းသမားမို့ ဘာလေးပဲ လုပ်လုပ် စနစ်လေးကျနေရင် သဘောတွေကိုကျနေရော
15/10/2023
အတွေး တစ်စ
စာရင်းတခုကို ပြင်ဆင်ပြီဆိုရင်
လုပ်ငန်းရဲ့ စတိုင်ကိုလည်း ထည့်သွင်းစဥ်းစားသင့်တယ် Fashion Designer လိုပဲ ဒီပုံ ဒီဒီဇိုင်းပဲ ပိန်သူ ဝသူ ရှည်သူ ပုသူ ဝတ်မယ့်သူပေါ်မူတည်ပြီး Cutting ကွဲသွားရတယ်
စာရင်းမှာလည်း ကုန်အမျိုးစားတူ ဖွဲ့စည်းပုံတူ nature တူနေတာတောင် စတိုင်လေးက ကွဲနေတော့ စာရင်း ဒီဇိုင်းလေး သီးသန့် ဖန်တီးရ တွက်ဆရတယ်
လတ်တလော တွေ့နေရတာက
တခုက stock ကိုင်ပြီး trade လုပ်တယ်
အခြားတခုက လက်လွှဲရောင်းတယ်ပေါ့
ဆိုတော့ ဒီဇိုင်းတခု ထပ်စဥ်းစားရတယ်ဗျ
ချစ်သော
24/06/2023
လာမယ့် ရက်သတ္တပတ်ကတော့
စာရင်းပညာရှင်တွေ မှန်တောင် မကြည့်နိုင်တဲ့ အနေအထားမှာ ရှိနေပါမယ်။
သစ္စာကတော့ နေ့စဥ် အပတ်စဥ် လစဥ် စာရင်းတွေကို သပ်သပ်ရပ်ရပ် ထားရှိခဲ့တာမို့ ကော်ဖီ သောက်နေပါတယ်။
နောက်နှစ် ဒီလိုချိန် သစ္စာနဲ့အတူ ကော်ဖီ သောက်ဖို့ Cheers! ပါ
ချစ်ခြင်းများစွာဖြင့်
သစ္စာ စာရင်း ဝန်ဆောင်မှုလုပ်ငန်း
အမှတ်(10) ပြည်တော်အေးလမ်း၊
လေးထောင့်ကန်ရပ်ကွက်
Thingangyun
0943110893
Business တစ်ခုဟာ တော်တော်လေး အရှိန်ရလာပြီဆိုမှ Account & Finance Section ကို Allocate လုပ်တတ်ကြတယ်။
အပေါ်ယံလေး တွေးကြည့်မယ်ဆိုရင်တော့ မှားတယ်လို့ မဆိုနိုင်ပေမယ့် အမှန်ကြီးတော့ မဟုတ်သေးပြန်ပါဘူး။ ဘာလို့ မှားတယ်လို့ မဆိုနိုင်လဲဆိုတော့ လုပ်ငန်းအစမှာ Income ကိုများနိုင်သလောက်များအောင်၊ Expense ကိုနည်းနိုင်သမျှ နည်းအောင်၊ ကိုယ့်ရဲ့ ရောင်းကုန် (သို့မဟုတ်) ထုတ်ကုန်ကို Market share ဘယ်လိုနည်းလမ်းနဲ့ မြန်မြန်နဲ့ များများရအောင် ရှာရမလဲဆိုတာ Busines owner တွေအတွက် ခေါင်းအစားဆုံးကာလတွေ ဖြစ်လို့ပါပဲ။
အမှန်ဆုံး မဟုတ်ပြန်တာက ကျပြန်တော့..
Cost ကို အမှန်ကန်ဆုံး မတွက်ချက်ဖြစ်တာပါပဲ။
Market share လုကြပြီဆိုတဲ့အခါ Cost အနည်းဆုံးနဲ့ Quality အကောင်းဆုံးပေးနိုင်တဲ့သူတွေက ရေရှည်မှာ သက်လုံကောင်းတတ်ကြပါတယ်။ ကိုယ့်ရဲ့ထုတ်ကုန်ဟာ
* အနိမ့်ဆုံး Cost ကိုတွက်ထားနိုင်ပြီဆိုရင်
* အနည်းဆုံး အမြတ် Margin (သို့မဟုတ်) အရှုံးခံနိုင်မှု Margin အများဆုံးကို တွက်ပေးနိုင်တဲ့ Cost controller ကောင်းကောင်း (သို့မဟုတ်) Finance budget တွေ ကောင်းကောင်းခန့်မှန်းတွက်ချက်ပေးနိုင်ရင် Mature period ကို သွက်သွက်လေးရောက်နိုင်မှာပါ။
လုပ်ငန်းအများစုကို တစေ့တစောင်းလေ့လာကြည့်တဲ့အခါ Account & Finance Section ကို ငွေစီးဆင်းမှု များလာတဲ့အခါမှ မြန်မြန်နဲ့လောလော Allocate လုပ်ကြပါတယ်။ Fraud လို့ခေါ်တဲ့ လိမ်လည်မှု တစုံတရာ သံသယဖြစ်လာပြီဆိုမှ Finance & Account Section ကို သတိရတတ်တာကတော့ အတော်လေးဝမ်းနည်းစရာကောင်းတဲ့ Management တခုလို့ ဆိုချင်ပါတယ်။ စာရင်းတွေထားသင့်တယ်လို့ အကြံပေးတဲ့သူ ရှိလာခဲ့ပြီဆိုရင်လည်း Tax အတွက်ပဲ အာရုံစိုက်လေ့ရှိကြပါတယ်။ အမှန်တကယ်
*ကိုယ့်လုပ်ငန်းက ဘယ်လောက်မြတ်နေတာလဲ (သို့မဟုတ်) ရှုံးနေတာလဲ
*မြတ်နေတယ်ဆိုရင်လည်း ဝင်ငွေစီးဆင်းမှုဟာမှန်မှန်ကန်ကန် လည်ပတ်နေရဲ့လား
*ခြေချော်လက်ချော်များ ဖြစ်ခဲ့သည်ရှိသော် ဒုတိယဝင်ငွေရလမ်းအတွက် Other investment တွေ လုပ်ဖြစ်နေရဲ့လားဆိုတာတွေ ဆုံးဖြတ်ဖို့ Actual Financial statement တွေများ ကြိုကြိုတင်တင် ပြင်ဆင် ဖတ်ရှုခဲ့မယ်ဆိုရင်? ???????
Modern Business တွေကို တချက်ကလေး သတိပေးချင်တာက
"ကျော်ဟိန်းဆိုတာရှိရင်
ဒွေးလည်းဖြစ်လာဖို့ မခက်ခဲသလို
သားညီတို့ ညီသားတို့ကိုလည်း အချိန်မရွေးဖန်တီးလို့ ရနိုင်ပါတယ်"
ချစ်ခြင်းများစွာဖြင့်
13/04/2023
ရွှေပိတောက်တွေဝါရည်လူး
ခူးခဲ့မယ် ပန်စရာ
နှစ်သစ်မှာ ကြည်ကြည်နူးနူး
ကျန်းမာ ချမ်းသာ ဝမ်းသာစေကြောင်းပါ။
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
No. (10), First Floor (Right), Pyi Taw Aye Street, Thin Kan Kyung Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |