01/05/2026
မေလ (၁) ရက် အလုပ်သမားနေ့တွင်
နိုင်ငံတိုးတက်ရေးနှင့် မိသားစုဘဝအတွက် နေ့စဉ်ကြိုးစားအားထုတ်နေကြသော အလုပ်သမားများအားလုံးကို ဂုဏ်ပြုလေးစားအပ်ပါသည်။
ချွေးနှင့်အားထုတ်မှုတိုင်း တန်ဖိုးရှိပြီး
လုပ်ငန်းခွင်တိုင်း ဘေးကင်းလုံခြုံကာ
စိတ်ချမ်းသာ ပျော်ရွှင်သောနေ့ရက်များ
ပိုင်ဆိုင်နိုင်ကြပါစေ။
ပျော်ရွှင်ဖွယ် အလုပ်သမားနေ့ ဖြစ်ပါစေ။
30/04/2026
ကဆုန်လပြည့်နေ့ အခါသမယတွင်
ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခြင်း၊ ဉာဏ်တော်ရခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းတို့ကို အမှတ်ရကာ
ကုသိုလ်ကောင်းမှုများ ပြုနိုင်ကြပါစေ။
စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍
မိသားစုအေးချမ်းသာယာကာ
လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း
ကဆုန်လပြည့်နေ့တွင် မျိုးမြတ်မွန် ကုမ္ပဏီမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏
22/01/2026
မြန်မြန်ချက် မြန်မြန်ကျက်စေချင်တဲ့ အိမ်ရှင်မတွေရှိလား?
ကျောင်းအမီ၊ ရုံးအမီ မီးမြန်မြန်တက်ပြီး ချက်ပြုတ်ဖို့ဆို မီးမြန်မြန်တက်၊ မီးဖိုကောင်းကောင်းတစ်လုံးရှိမှ ဖြစ်မှာပါ။
မျိုးမြတ်မွန်ရဲ့မီးခိုးထိန်းမီးဖိုနဲ့ဆိုရင် -
🥊အထူး လေဝင်လေထွက်စနစ်ကြောင့် မီးမြန်မြန်တက်မယ်၊
🥊မီးအပျော့ရော အပြင်းပါ ကြာရှည်ထိန်းပြီး ချက်ပြုတ်နိုင်မယ်၊
🥊မီးခိုးလုံပြီး လောင်စာစားသက်သာမယ်၊
🥊စပါးခွံလောင်စာတောင် (အကြီး/အသေး)၊ ထင်း၊မီးသွေး၊ လောင်စာခဲ စတဲ့လောင်စာ...
အမျိုးအစား အစုံအလင်ကို ဘက်စုံအသုံးပြုနိုင်တာကြောင့် အိမ်ရှင်မတို့လည်းမီးမွှေးချက်ပြုတ်တိုင်း စိတ်ချမ်းသာရတော့မှာပါ။😉
ယခုလို မီးခိုးထိန်းနိုင်ပြီး တစ်အိမ်လုံးကျန်းမာရေးထိခိုက်မှာ မပူရတဲ့ မျိုးမြတ်မွန် "မီးခိုးထိန်းမီးဖို" လေးက မြန်မြန်ချက် မြန်မြန်ကျက်စေချင်တဲ့ အိမ်ရှင်မတွေအတွက် အထူးသင့်တော်တာ အမှန်ပါ။👩🍳
အိမ်ရှင်မတို့ရေ မီးဖိုချောင်မှာ အလုပ်သက်သာဖို့ "မျိုးမြတ်မွန်မီးခိုးထိန်းမီးဖို" လေးကို အခုပဲ ဖုန်းဆက်မှာယူလိုက်ပါနော်။🤗
မျိုးမြတ်မွန် ဘက်စုံသုံးမီးဖို
~60000 𝗠𝗠𝗞~
#ဘက်စုံသုံးမီးဖို
#မီးခိုးထိန်းမီးဖို
#စပါးခွံလောင်စာတောင့်
31/12/2025
လေးစားရပါသော လုပ်ငန်းရှင်ကြီးများနှင့်
ချစ်ရပါသော Customers များရှင့်🥰
🙏နှစ်သစ်မှ စ၍ စီးပွားလာဘ်လာဘများတိုးပွားပါစေ
🙏စိတ်၏ချမ်းသာခြင်း
🙏ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ
🙏လူအချင်းချင်း မကောင်းကြံခြင်း
🙏လွတ်မြောက်ကြပါစေ
🙏စီးပွားဥစ္စာရတနာ
🙏ရှာဖွေတိုင်း တိုးပွားကြပါစေ
🙏၉၆ဖြာ အနာရောဂါ
🙏ကင်းရှင်းကြပါစေ
🙏တစ်နှစ်ပတ်လုံးမေတ္တာသုံး
🙏အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ
🙏မျိုးမြတ်မွန် ကုမ္ပဏီ မိသားစုမှ
ဆုတောင်းမေတ္တာ
ပို့သလိုက်ပါတယ်ရှင့်🙏🙏🙏
မျိုးမြတ်မွန် ကုမ္ပဏီနှင့်အတူ လှပသောကမ္ဘာမြေကြီးကို
အတူ တည်ဆောက်ကြပါစို့။
30/12/2025
စပါးခွံလောင်စာတောင့်ရဲ့အကျိုးကျေးဇူးများ..✅
ထင်းနှင့်ကျောက်မီးသွေးတွေ စျေးတက်လာတာကြောင့် စက်ရုံလုပ်ငန်းတွေ အကျိုးစီးပွားမဖြစ်ထွန်းလို့တွက်ချေမကိုက်ဖြစ်နေပြီး အခက်တွေ့နေပါသလား။❓
ဒါဆိုရင်တော့ မျိုးမြတ်မွန်မှာ အရည်အသွေးကောင်း
ထင်းနှင့် မီးသွေးအစားထိုး စပါးခွံ လောင်စာတောင့် များကို ရွေးချယ်လိုက်ပါ။🎯
ထင်းနှင့်ကျောက်မီးသွေးကို အားထားနေရတဲ့ ဘွိုင်လာအသုံးပြုရသော စက်ရုံ လုပ်ငန်းများ၊
ဆိုင်ကြီးများ၊စားသောက်ကုန်လုပ်ငန်းများ၊
ပင်လယ်ကျားဖောင်လုပ်ငန်းခွင်တွေမှာ အခုဆိုရင် စျေးနှုန်းသက်သာပြီး မီးပြင်းအားကောင်းတဲ့ ထင်းနှင့်ကျောက်မီးသွေးအစားထိုး စပါးခွံလောင်စာတောင့်တွေကို အသုံးပြုနိုင်ပါပြီ။💁
မျိုးမြတ်မွန်ရဲ့ စပါးခွံလောင်စာတောင့်တွေကို ခြောက်သွေ့သော စပါးခွံများမှ ထုတ်လုပ်ထားတာကြောင့်-
✅ မီးလောင်အားကောင်းပါတယ်။
✅မီးခိုးအထွက်နည်းလို့လေထုညစ်ညမ်းမှုသက်သာစေပါတယ်။
✅စပါးခွံ လောင်စာတောင့်
အားလုံးရဲ့ အရွယ်အစားက တူညီလို့ မီးချိန်ရ လွယ်ကူစေပါတယ် ။
✅ ပြာကျန်မှုမှာ ၂၀% ဖြစ်ပြီးပြာများကိုလည်း ဓာတ်မြေသြဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ပါတယ်။
✅သစ်တောသစ်ပင်ပြုန်းတီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။
✅ ဒါ့အပြင် စျေးနှုန်းသက်သာပြီး အလွယ်တကူသိုလှောင်ထားနိုင်လို့စက်ရုံ လုပ်ငန်းတွေကို အဆင်ပြေချောမွေ့စေမှာအမှန်ပါ။🤩
အခုလို အကျိုးကျေးဇူးများတဲ့ စပါးခွံလောင်စာတောင့်နဲ့သာဆို လူကြီးမင်းတို့ရဲ့လုပ်ငန်းကိုအရှိန်အဟုန်မြှင့်တင်ပြီး ဝင်ငွေ (၂) ဆ ဖန်တီးနိုင်ပြီပဲဖြစ်ပါတယ်။💰
စျေးနှုန်းသက်သာပြီး
သဘာဝပတ်ဝန်းကျင်ကိုလည်းမထိခိုက်စေတဲ့ မျိုးမြတ်မွန်ရဲ့စပါးခွံလောင်စာတောင့်ကို လူကြီးမင်းရဲ့လုပ်ငန်းအတွက်အမှန်ဆုံး ရွေးချယ်မှုဖြစ်စေမှာပါ။
ဒါကြောင့် မျိုးမြတ်မွန်ရဲ့ အရည်အသွေးကောင်း
စပါးခွံလောင်စာတောင့်တွေ
အခုပဲဆက်သွယ် မှာယူလိုက်ပါ။📣 ________________________________
စပါးခွံလောင်စာတောင့်တွေက စျေးအတက်အကျရှိတာမို့
လက်လီလက်ကားစျေး စုံစမ်းလူသူများအနေနဲ့
Page Messengerကနေဆက်သွယ်
မေးမြန်းနိုင်ပါတယ်။💬
ဝယ်ယူအားပေးသူအပေါင်း ကိုယ်စိတ်နှစ်ဖြာရွှင်လန်းအေးချမ်းကြပါစေ🙏
ပတ်ဝန်းကျင်ထိခိုက်စေတဲ့ ထင်း၊မီးသွေးတွေအစားအရည်အသွေးကောင်း စပါးခွံ လောင်စာတောင့်ဖြင့်သာ
ကမ္ဘာကြီးကို ပိုကောင်းအောင် မျိုးမြတ်မွန်နှင့်အတူ
တည်ဆောက်ကြပါစို့☘️
#လောင်စာတောင့်
20/12/2025
ထင်းမီးအဓိကသုံးရတဲ့ လုပ်ငန်းရှင်များနဲ့ အိမ်ရှင်မများ📣
သုံးနေကျ လောင်စာတွေသုံးပြီး ဒုက္ခခံနေတုန်းပဲလား❗❓
မီးသွေးတွေက စျေးတက်📈
ထင်းမီးကြောင့် မီးမွှေးတိုင်း မီးခိုးတွေမွှန် 🙎♂️
မီးသွေးနဲ့ထင်းတွေက အရွယ်မညီတာကြောင့်
အလုပ်တွင်ဖို့ကခက်😫
မီးမွှေးရမလွယ်လို့ ချက်ပြုတ်ဖို့ နှောင့်နှေးပြီး
မီးဖိုချောင်ကိစ္စတွေ အမြန်ပြီးဖို့ ခက်နေပါသလား❓
ထင်းမီးကို အဓိကထားနေရတဲ့
စားသောက်ကုန်လုပ်ငန်းတွေ၊
လောင်စာအဓိကသုံး သတ္ထုစက်မှု လုပ်ငန်းရှင်တွေနဲ့ တစ်အိမ်လုံးအတွက် မနက်ပိုင်းမှာ မြန်မြန်ဆန်ဆန် ချက်ပြုတ်ချင်တဲ့ အိမ်ရှင်မတို့ခင်ဗျာ...
ထင်းမီးသုံးပြီး ဒုက္ခမခံပါနဲ့✋
မျိုးမြတ်မွန်ရဲ့ အဆင့်မြင့် စပါးခွံလောင်စာတောင့်တွေကိုသာ စိတ်ချလက်ချ အားကိုးကြည့်လိုက်ပါ။💪
📌သဘာဝကရတဲ့ ခြောက်သွေ့ပြီးသားစပါးခွံကနေထုတ်လုပ်ထားတဲ့ အရည်အသွေးမှီ မျိုးမြတ်မွန်စပါးခွံလောင်စာတောင့်တွေက-
ထင်းနဲ့မီးသွေးတွေထက် စျေးပိုသက်သာလို့ ဘတ်ဂျက်အတွက် အဆင်ပြေမယ်။
✅မီးခိုးအထွက်နည်းတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်မှာလည်း မပူရတော့ပါဘူး။
✅လုပ်ငန်းသုံးလောင်စာတောင့်အကြီးနဲ့ အိမ်သုံးလောင်စာတောင့်အသေး နှစ်မျိုးလုံးက မီးတောက်အားရှယ်ကောင်းတာဆိုတော့ အလုပ်မတွင်မှာလည်း မပူရတော့လို့ စိတ်ချမ်းသာရမယ်။
✅လောင်စာတောင့်တွေကို အသုံးပြုပြီးရင်လည်း ပြာကြွင်းကျန်မှုက နည်းတဲ့အပြင် ပြာမှာ ပိုတက်စီယမ်ဓာတ်ပါလို့ ဓာတ်မြေသြဇာအဖြစ်ပါ သုံးလို့ရတာကြောင့် အမှိုက်မရှုပ်တော့ဘူး။
✅ဒါတွေအပြင် မီးချိန်ရလွယ်အောင် လောင်စာတောင့်တွေကို အရွယ်တူ ထုတ်လုပ်ပေးထားတာကြောင့် သိုလှောင်၊သိမ်းဆည်း သယ်ယူရတာ အရမ်းကိုမှ လွယ်ကူအဆင်ပြေစေမှာပါ။
ဒါကြောင့် လူကြီးမင်းနဲ့ အိမ်ရှင်မတို့ ခင်ဗျာ...
မျိုးမြတ်မွန်ရဲ့ စပါးခွံလောင်စာတောင့်ရှိနေပြီဆိုတော့ ထင်းမီးပေးတဲ့ ဒုက္ခတွေ ဘာကြောင့်ခံနေဦးမှာပါလဲ?
အခုပဲ မျိုးမြတ်မွန်ရဲ့ ရှယ်အားကိုးရမယ့် အဆင့်မြင့် စပါးခွံလောင်စာတောင့်တွေကို ဆက်သွယ်မှာယူလိုက်ပါ။🤝
စပါးခွံလောင်စာတောင့်ရဲ့ စျေးနှုန်းတွေက အတက်အကျရှိတာကြောင့် အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။💬
📞095101533
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းအေးချမ်းကြပါစေ🙏
ပတ်ဝန်းကျင်ထိခိုက်စေတဲ့ ထင်း၊မီးသွေးတွေအစား စွန့်ပစ်ပစ္စည်းကရရှိလာတဲ့ လောင်စာတောင့်ဖြင့်သာ ကမ္ဘာကြီးကို ပိုကောင်းအောင် မျိုးမြတ်မွန်နှင့်အတူတည်ဆောက်ကြပါစို့☘️
#လောင်စာတောင့်အကြီး
#လောင်စာတောင့်
04/11/2025
✨တန်ဆောင်မုန်းလပြည့်ဆုတောင်း🙏🏻…
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုင်းရဲ့တန်ဖိုးထားရာ ဆေးပေါင်းခတဲ့ “ည” လို့ခေါ်တွင်ကျတဲ့…
🌕တန်ဆောင်မုန်းလပြည့် ၊ သာမညဖလအခါတော်နေ့မှာ ကမ္ဘာသူ ၊ ကမ္ဘာသား အားလုံး…
မိတ်ဟောင်း မိတ်သစ် customers များအားလုံး
✨စိတ်ချမ်းသာ
✨ကိုယ်ကျန်းမာပြီး ၊
✨ကပ်ကြီး(၃) ပါးမှကျော်လွှားနိုင်ကြပါစေလို့
Myo Myat Mon Company မှ ဆုမွန်ကောင်း ပို့သလိုက်ပါတယ်ရှင့်🙏🙏🙏
#လောင်စာတောင့်အကြီး
25/10/2025
💰ကြီးပွားဖြစ်ဖို့ စီးပွားရှာ မျိုးမြတ်မွန်လောင်စာ
လက္ကားယူလိုက်ပါ။💸🤩
ကြီးပွားစီးပွားဖြစ်ဖို့ ဘာကြောင့်မျိုးမြတ်မွန်စပါးခွံလောင်စာတောင့်တွေကို ရွေးချယ်သင့်သလဲဆိုတာ ပြောပြပါရစေခင်ဗျ။👨🌾
အမျိုးတို့ရေ... ထင်နဲ့မီးသွေးစျေးတွေတက်နေပြီဗျာ❗
မီးတွေလည်းခဏခဏပျက်❗
ကမ္ဘာကြီးပူလွန်းလို့ ရာသီဥတုကပါမမှန်တော့ဘူး❗
ဒီလိုအခြေအနေမှာ သစ်ပင်ပြုန်းတီး၊ စျေးနှုန်းမြောက်ပြီး မီးခိုးငွေ့ တလူလူထွက်စေတဲ့ မီးသွေးတွေ ထင်းတုံးအစား အခြားရွေးချယ်စရာဘာများရှိသေးဦးမလဲ❔
ကျွန်တော်တို့မျိုးမြတ်မွန်ရဲ့ သဘာဝစပါးခွံလောင်စာတောင့်ကြီးတွေပဲပေါ့။🕵
စျေးနှုန်းသက်သာတဲ့ မျိုးမြတ်မွန်ရဲ့စပါးခွံလောင်စာတောင့်ကြီးတွေက ထင်းမီးအဓိကသုံး-
📌စားသောက်ကုန်လုပ်ငန်းများ၊
📌သတ္ထုစက်မှုလုပ်ငန်းများကို ပြန်လည်ရောင်းချနိုင်တာကြောင့် စီးပွားဖြစ်ရင်းနှီးချင်သူတိုင်းအကြိုက်တွေ့ကြတဲ့ ကုန်စည်တစ်ခုဖြစ်ပါတယ်။
လုပ်ငန်းကြီးများအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့မျိုးမြတ်မွန် လောင်စာတောင့်အကြီးများက ချိုသာတဲ့နှုန်းထားရှိတဲ့အပြင်-
🔰အရွယ်အစား တူညီစွာထုတ်လုပ်ထားလို့ သိုလှောင်သိမ်းဆည်း၊ သယ်ယူရလွယ်ကူတယ်။
🔰မီးတောက်ပြင်းပြီး အသုံးခံတဲ့လောင်စာဖြစ်တာကြောင့် အလုပ်ပိုတွင်ပြီး၊အလုပ်ရှူပ်သက်သာတယ်။
🔰မီးခိုးလည်းအထွက်နည်း၊ ညှော်နံ့မထွက်တာကြောင့် ကျန်းမာရေးထိခိုက်မှာကိုလည်း မကြောက်ရပါဘူး။
🔰ခြောက်သွေ့ကျစ်လျစ်တာကြောင့် မီးမွှေးရာမှာလည်း အခက်အခဲမရှိ လွယ်ကူသက်သာစေပါတယ်။
ဒီလိုအားသာချက်တွေရှိလို့ ဝယ်သူတွေကို တစ်ခါဝယ်ပြီးတိုင်းထပ်ခါထပ်ခါဝယ်ယူစေဖို့ အာမခံနိုင်တာပေါ့ခင်ဗျာ။🎯
🤵ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ငွေထုပ်ကြီးပိုက်ဖို့ စပါးခွံလောင်စာတောင့်ကြီးတွေကို မှာယူချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဘယ်မြို့နယ်၊ဘယ်ဒေသက မဆို မျိုးမြတ်မွန်ထံမှ လက္ကား မှာယူရောင်းချနိုင်ပါပြီခင်ဗျာ။👨🏫
စပါးခွံလောင်စာတောင့်စျေးနှုန်းတွေက အတက်အကျရှိတာကြောင့် အသေးစိတ်သိရှိလိုပါက Page Messenger (သို့မဟုတ်)☎️095101533
မှတဆင့်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။💬
ပတ်ဝန်းကျင်ထိခိုက်စေတဲ့ ထင်း၊မီးသွေးတွေအစား စွန့်ပစ်ပစ္စည်းကရရှိလာတဲ့ လောင်စာတောင့်ဖြင့်သာ ကမ္ဘာကြီးကို ပိုကောင်းအောင် မျိုးမြတ်မွန်နှင့်အတူတည်ဆောက်ကြပါစို့။☘️
#လောင်စာတောင့်အကြီး
#လောင်စာတောင့်
06/10/2025
🎊 သီတင်းကျွတ်ဆုတောင်း 🎊
🎉 ဝါလကင်းလွတ် သီတင်းကျွတ်
အချိန်အခါသမယတွင်
ချစ်ခင်လေးစားတန်ဖိုးထားရပါသော
ချစ်မိတ်ဆွေလူကြီးမင်းများ အားလုံး
ကိုယ်စိတ်နှလုံးကျန်းမာခြင်းနှင့်
ချမ်းသာခြင်း မင်္ဂလာအဖြာဖြာ ပြည့်စုံလျှက်
ဘေးအန္တရာယ်ဟူသမျှကင်းဝေး၍
အခက်အခဲဟူသမျှအောင်မြင်စွာ
ကျော်လွှားနိုင်ပြီးစီးပွါးလာဘ်လာဘများ
ဒီရေအလား တိုးတက်ကြီးပွါးပါစေကြောင်း
Myo Myat Mon ကုမ္ပဏီမိသားစုကဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ် 🙏🙏🙏
#သီတင်းကျွတ်ဆုတောင်း