Peace Of Mind For Your Family - Insurance By Yu

Peace Of Mind For Your Family - Insurance By Yu

Share

Create Your Own Happiness…

20/11/2025

မင်္ဂလာပါ။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် AIA Myanmar က ပန်းလှိုင်ဆေးရုံနှင့် အတူပူးပေါင်းပြီး Movember လှုပ်ရှားမှုအစီအစဥ်တစ်ခုအဖြစ် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို ပြုလုပ်ပေးသွားမည် ဖြစ်သည်။

အစီအစဥ်အတွင်း ပန်းလှိုင်ဆေးရုံ၏ Resident Clinical Oncologist ဖြစ်သူ ဒေါက်တာအောင်လင်းအောင် က “အမျိုးသားများသတိပြုစရာ ဆီးကျိတ်ကင်ဆာ (Men’s Health Matters: Prostate Cancer)” ခေါင်းစဥ်အောက်တွင် အမျိုးသားများ အဖြစ်များသည့် ဆီးကျိတ်ကင်ဆာ (Prostate Cancer) နှင့်ပတ်သက်ပြီး သိကောင်းစရာဗဟုသုတများနှင့် ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများကို အွန်လိုင်း Zoom မှတစ်ဆင့် ဆွေးနွေးဝေမျှပေးသွားမည် ဖြစ်သည်။

ထို့အပြင် ဆွေးနွေးဟောပြောပွဲမှတစ်ဆင့် AIA Myanmar မှ ပေးအပ်သွားမည့် ပန်းလှိုင်ဆေးရုံမှ Medical Check-Up Package Gift Voucher များကို မေတ္တာလက်ဆောင်ရယူလို့ရမည့် အထူးအစီအစဥ်လည်း ရှိနေမည်ဖြစ်သည်။

ကျင်းပမည့်ရက် - ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် (သောကြာနေ့)
ကျင်းပမည့်အချိန် - နေ့လယ် ၁၁း၀၀ နာရီ မှ ၁၂း၀၀ နာရီ အထိ
စာရင်းပေးသွင်းရန် - https://forms.office.com/r/bQJufjMPYD
ပွဲတက်ရောက်ရန် - https://zoom.us/j/99280952398?pwd=ltKajqL0gdUseaQUrVQnuUfaa42mI1.1
Zoom Webinar ID: 992 8095 2398
Passcode: 123456

ဆီးကျိတ်ကင်ဆာသည် တစ်ခါတစ်ရံတွင် မမျှော်လင့်ဘဲ နောက်ကျမှ စစ်ဆေးတွေ့ရှိရတတ်သည့် အသံတိတ် ပြင်းထန်ရောဂါ တစ်ခုဖြစ်တာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ထားနိုင်ရန်အတွက် မိမိကိုယ်တိုင်သာမက မိတ်ဆွေ၊ သူငယ်ချင်းများကိုပါ သူတို့ချစ်ခင်ရသည့် အမျိုးသားများအတွက် ဆွေးနွေးဟောပြောပွဲကို တက်ရောက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

ဆီးကျိတ်ကင်ဆာနှင့် ပတ်သက်ပြီး သိလိုသောအကြောင်းအရာများကိုလည်း ဆွေးနွေးဟောပြောပွဲအတွင်း ကိုယ်တိုင် တိုက်ရိုက်မေးမြန်းနိုင်ပါသည်။

AIA Myanmar

Photos from Peace Of Mind For Your Family - Insurance By Yu's post 04/11/2025

AIA Myanmar ရဲ့
တန်ဆောင်တိုင်ဆီမီး(၁၁၀၀၀)ထွန်းညှိပူဇော်ပွဲ

ဆီမီးရောင်စုံဝေဖြာတဲ့ တန်ဆောင်တိုင်ပွဲတော်မှာ
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး ပျော်ရွှင်ဖွယ် အခိုက်အတန့်တွေ ပိုင်ဆိုင်နိုင်ကြပါစေ🪔🪔🪔

Photos from Peace Of Mind For Your Family - Insurance By Yu's post 24/10/2025

ဘုန်းဘုန်း ၁၀ပါးအတွက် ကျန်းမာရေးအာမခံ စီမံပေးခွင့်ရခဲ့တာလေး🙏🙏🙏

ဘုန်းဘုန်း ၁၀ပါးအတွက် ဒါယိကာမတစ်ဦးထဲက ကျန်းမာရေးပဒေသာပင်အဖြစ် သိန်း၁၀၀ကျော် ကုသိုလ်ပြုလှူဒါန်းခဲ့တာပါ။

ဘုန်းဘုန်း ၁ပါးချင်းစီအတွက်
AIA ရဲ့ ကျန်းမာရေးအလုံးစုံအာမခံ (OHS - Plan 4) တစ်နှစ်စာ ကျန်းမာရေးအကာအကွယ် သိန်း၃၀၀ နှင့်
ပြင်းထန်ရောဂါ ၃၉မျိုး အကာအကွယ် သိန်း ၂၀၀ ကိုကုသိုလ်ပြုလှူဒါန်းခဲ့ပါတယ်။

ဘုန်းဘုန်း ၁ ပါးကို တစ်နှစ်စာ ကျန်းမာရေးအကာအကွယ် ၂မျိုးပေါင်း သိန်း၅၀၀ အကာအကွယ် ရရှိခဲ့ပြီး တစ်နှစ်စာ ပရီမံယံသွင်းငွေကတော့ ဘုန်းဘုန်း ၁ပါးချင်းစီရဲ့ အသက်အရွယ်ပေါ်မူတည်ပြီး ပေးသွင်းရပါတယ်။

အလှူရှင် အန်တီက ဘုန်းဘုန်းတွေရဲ့ ကျန်းမာရေး တစ်စုံတစ်ရာဖြစ်လာခဲ့ရင် ငွေကြေးအတွက် စိတ်ပူပန်စရာမလိုဘဲ အကောင်းဆုံးဆေးရုံတွေမှာ တက်ရောက်ကုသနိုင်အောင် ကြိုတင်စီမံပေးထားခြင်းဖြစ်ပါတယ်။
“ဘုန်းဘုန်းတွေ နေထိုင်မကောင်းဖြစ်ခဲ့ရင် အန်တီလှူနိုင်လဲ ဆယ်ဂဏန်းလောက်ပဲ လှူနိုင်မှာ ၊ဘုန်းဘုန်းတွေဖြစ်တဲ့အတွက် ငွေကြေးအတွက် စိတ်ပူနေရမှာတဲ့ ၊အခု ၁၀သိန်းဝန်းကျင်လောက်ပဲ ပရီမီယံသွင်းပြီး ရာဂဏန်းလောက် အကာအကွယ်ရသွားတော့ ဘုန်းဘုန်းတွေလဲ စိတ်အေးချမ်းမှုရ၊ အန်တီလဲ ဆေးပဒေသာပင်အဖြစ် လှူခွင့်ရသွားတာပေါ့တဲ့”

စိတ်ကူးကောင်းလေးနဲ့ ကုသိုလ်တွေအများကြီးရသွားတဲ့ အန်တီ့အတွက် သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်ရှင့်🙏🙏🙏

ဘုန်းဘုန်းတွေ အကာအကွယ်ရရှိသွားတဲ့ ကျန်းမာရေးအကာအကွယ် ၂မျိုးတွေကတော့

1️⃣နေထိုင်မကောင်းဖြစ်လို့ ဆေးရုံတက်တဲ့အခါမျိုးမှာ ဆေးကုသမှုကုန်ကျစရိတ်အတွက် စိတ်ပူစရာမလို၊အကောင်းဆုံးပြည်တွင်းပြည်ပ ဆေးရုံတွေမှာကုသမှုခံနိုင်တဲ့ ကျန်းမာရေးအလုံးစုံအာမခံ(OHS)

2️⃣ပြင်းပြင်းထန်ထန်ရောဂါကြီးတွေဖြစ်လာလို့ ရေရှည်ဆေးကုသရတဲ့အခါမျိုးတွေမှာ ဆေးကုသမှုကုန်ကျစရိတ်တွေကို အကာအကွယ်ဖြစ်စေမယ့် ပြင်းထန်ရောဂါအာမခံ (၃၉)မျိုး

ကျန်းမာရေးအကာအကွယ်ရရှိသွားတဲ့ ဘုန်းဘုန်း ၁၀ပါးလဲ သက်ရှည်ကျန်းမာပြီး သာသနာအကျိုးကို လွယ်ကူစွာသယ်ပိုးနိုင်ပြီး တရားထူးတရားမြတ်များရရှိပါစေရှင့်🙏🙏🙏

မွန်မြတ်တဲ့မြတ်ဒါနလေးဖြစ်တဲ့အတွက် အလှူရှင်အန်တီလဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကောင်းကျိုးလိုရာဆန္ဒ ပြည့်စုံပါစေရှင့်🙏🙏🙏






𝒀𝒖 𝑾𝒂𝒅𝒅𝒚 𝑻𝒉𝒊𝒏𝒏
𝑭𝒊𝒏𝒂𝒏𝒄𝒊𝒂𝒍 𝑺𝒆𝒓𝒗𝒊𝒄𝒆 𝑪𝒐𝒏𝒔𝒖𝒍𝒕𝒂𝒏𝒕
𝑰𝑨(𝑵)𝑳𝑰-𝟎𝟕𝟒𝟏𝟎
𝟎𝟗 𝟕𝟕𝟗𝟖 𝟒𝟏𝟒𝟓𝟒
𝒚𝒖𝒘𝒂𝒅𝒅𝒚-𝒚𝒘.𝒕𝒉𝒊𝒏𝒏@𝒂𝒊𝒂.𝒄𝒐𝒎.𝒎𝒎

Photos from Peace Of Mind For Your Family - Insurance By Yu's post 10/01/2025

နှစ်ဦးမှာ ကူညီခွင့်ရခဲ့တဲ့ပီတိလေး

အစားမှား ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီး အရေးပေါ်ဆေးရုံတက်လိုက်ရတဲ့ case လေး

8 လပိုင်း 2023 ထဲက ဦးလေးက ကျန်းမာရေးအကာအကွယ်ဆောင်ထားခဲ့တာပါ။
31ရက်နေ့ မတိုင်ခင်ထဲက အစားမှား ဝမ်းပျက်ဝမ်းလျှော ဖြစ်နေခဲ့တာ မသက်သာတာနဲ့ ပင်လုံဆေးရုံမှာ သွားပြရင်း အရေးပေါ်ဆေးရုံတက်လိုက်ရပါတယ်။

AIAရဲ့ ကျန်းမာရေးအလုံးစုံအာမခံက ဆေးရုံတက်တဲ့အခါ ငွေသားမလို Deposit တင်စရာမလိုတဲ့ Service (Cashless Claim) ကိုအသုံးပြုလို့ရတာကြောင့် လိုအပ်တဲ့ စာရွက်စာတမ်းတွေဖြည့်ပြီးတာနဲ့ AIAမှ LOG ကို 1နာရီအတွင်း သက်ဆိုင်ရာဆေးရုံကို email ပို့ပေးပါတယ်။
ဆေးရုံ 5ရက်တက်တဲ့ ကုန်ကျစရိတ် စုစုပေါင်း -2,085,248/- ကုန်ကျခဲ့ပါတယ်။
AIA မှ 1,555,236/- ကို တာဝန်ယူပေးခဲ့ပါတယ်။
Member ဘက်မှ အခန်းခနဲ့အားဆေး -530,012/- ကိုပဲ ရှင်းခဲ့ရပါတယ်။

Member ဦးလေးက အသက်၆၀မပြည့်ခင်လေးမှာ ဦးလေးရဲ့ အမျိုးသမီးက ဝယ်ပေးခဲ့တာပါ။
တစ်နှစ်စာသွင်းခဲ့တဲ့ ပရီမီယံ -377,000/-သွင်းပြီး 3,750,000/- အကာအကွယ် ယူထားခဲ့တာပါ။

ကျန်းမာရေးအာမခံသာ မဆောင်ထားခဲ့ဘူးဆိုရင် အခုလိုမျိုး အရေးပေါ်ဆေးရုံတက်တဲ့ ကုန်ကျစရိတ်တွေအကုန်လုံး ကိုယ့်အိတ်ထဲကနေ ရှင်းပေးရမှာ ၊ အခုချိန်က အားလုံးခက်ခဲနေကြတာ အခုလို ကူညီခွင့်ရတဲ့ အတွက်လဲ ပီတိဖြစ်မိတယ်။ ကိုယ်ချစ်ခင်ရတဲ့ သူတွေကို ကူညီခွင့်ရတဲ့အတွက် ကိုယ်လုပ်နေတဲ့ အလုပ်အပေါ် အမြဲကျေးဇူးတင်တယ်🙏






𝒀𝒖 𝑾𝒂𝒅𝒅𝒚 𝑻𝒉𝒊𝒏𝒏
𝑭𝒊𝒏𝒂𝒏𝒄𝒊𝒂𝒍 𝑺𝒆𝒓𝒗𝒊𝒄𝒆 𝑪𝒐𝒏𝒔𝒖𝒍𝒕𝒂𝒏𝒕
𝑰𝑨(𝑵)𝑳𝑰-𝟎𝟕𝟒𝟏𝟎
𝟎𝟗 𝟕𝟕𝟗𝟖 𝟒𝟏𝟒𝟓𝟒
𝒚𝒖𝒘𝒂𝒅𝒅𝒚-𝒚𝒘.𝒕𝒉𝒊𝒏𝒏@𝒂𝒊𝒂.𝒄𝒐𝒎.𝒎𝒎

03/11/2024

အသက် ၅၀ ကျော် အရွယ် မှာ
နှလုံး၊ ကင်ဆာ၊ လေဖြတ်ခြင်း၊အဆုတ်နှင့် ကျောက်ကပ်ရောဂါစသော ပြင်းထန်ရောဂါများ ပေါ်ပေါက်လာနိုင်ခြေ အင်မတန် မြင့်ပါတယ်။

ဒီ အရွယ်မှာ
များမကြာခင် ရောက်လာမယ့် အငြိမ်းစားကာလ အတွက် ငွေကြေးစုဆောင်းမှုပူပန်စရာတွေ ရှိနေသလို
မိမိ ငယ်ရွယ်စဉ် ခေတ်ကာလထက်
ကျန်းမာရေး စရိတ်တွေ အဆမတန် မြင့်မားလာနေတာကို လူတိုင်းကြုံရလေ့ရှိပါတယ်။

AIA CRITICAL ILLNESS CARE က ကူညီ တာဝန်ယူပေးနိုင်ပါတယ်။


Photos from Peace Of Mind For Your Family - Insurance By Yu's post 26/10/2024

ဒီနေ့ Training လေးမှာ Income Tax တွက်တဲ့
အပိုင်းလေး ကို ကိုယ့်ရဲ့ချစ်ရတဲ့ လုပ်ဖော် ကိုင်ဖက်တွေ ကို ရှင်းပြပေးခွင့်ရတဲ့ အတွက် ကျေနပ်ပီတိ ဖြစ်မိသလို ဒီလို သင်ကြားနိုင်အောင် သင်ပြပေးတဲ့ ဆရာဇာနည်နဲ့ အမမခိုင်တို့ကို လဲ ကျေးဇူး အများကြီးတင်ပါတယ်ရှင့်🙏🙏🙏

Financial Advisorကောင်း တစ်ယောက်ဖြစ်လာဖို့
သင်ယူရတယ် လေ့လာရတယ် ကြိုးစားရတယ်

ကိုယ့်မိသားစု၊မိတ်ဆွေသူငယ်ချင်း၊ပတ်ဝန်းကျင်မှာရှိတဲ့
တစ်ဦးချင်းစီတိုင်းအတွက် လိုအပ်နေတဲ့အာမခံအကာအကွယ်၊ ငွေကြေးပိုင်းဆိုင်ရာအကြံဥာဏ်ကောင်းတွေပေးနိုင်အောင် အမြဲကြိုးစားနေလျှက်ပါ။

Photos from Peace Of Mind For Your Family - Insurance By Yu's post 06/10/2024

ကမ္ဘာပေါ်မှာ လူ့ဘဝသက်တမ်းအတွင်း အသက်၂၅ နှစ်ကျော် အရွယ်ရောက်ပြီးသူ ၄ယောက်မှာ ၁ယောက်သည် လေဖြတ်ခြင်းရောဂါခံစားနိုင်ပါသည်။

လူသန်းပေါင်း ၅၀၀ ကျော်မှာ နှလုံးသွေးကြောဆိုင်ရာရောဂါများ ခံစားနေရပြီး ၂၀၂၁ ခုနှစ်တွင်
၂၀.၅ သန်း အသက်ဆုံးရှုံးနေရပါသည်။

၂၀၂၂ တွင် ကင်ဆာရောဂါအသစ် ဖြစ်ပွါးနှုံးမှာ
သန်း ၂၀ အထိရှိခဲ့သည်။

၂၀၂၂ တွင် ကင်ဆာကြောင့် လူပေါင်း ၉.၇ သန်း အသက်ဆုံးရှုံးခဲ့ရသည်။

၈ မိနစ်တိုင်း လူတစ်ယောက်သည် ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု စောင့်ဆိုင်းစာရင်းတွင် ထည့်သွင်းနေရသည်။

မြန်မာနိုင်ငံမှာဆိုရင်လည်း ပြင်းထန်ရောဂါ
ဖြစ်ပွါးမှုနှုံး နှင့် အသက်ဆုံးရှုံးမှုနှုံး မှာ
အလွန်မြင့်မားနေပါတယ်။
ကုသမှုကုန်ကျစရိတ် ငွေကုန်ကြေးကျ အရမ်းများတဲ့အတွက်ကြောင့် ငွေကြေးဆိုင်ရာ ထိခိုက်မှုတွေကို ကြီးမားစွာကြုံတွေ့နေရပါတယ်။

“မြန်မာနိုင်ငံရှိ အသက်ဆုံးရှုံးမှုများ၏ ၆၀% သည် ပြင်းထန်ရောဂါများကြောင့်ဖြစ်သည်။”

မြန်မာနိုင်ငံမှာ အသက်ဆုံးရှုံးမှုများကလည်း ပြင်းထန်ရောဂါများထဲမှ တစ်ခု မဟုတ် တစ်ခုကြောင့်ဖြစ်နေတဲ့ သေဆုံးမှုတွေဆိုတော့
AIA Myanmar က စစ်တမ်းကောက်ယူထားတဲ့ အချက်အလက်တွေပေါ်အခြေခံပြီး Critical Illness Care (ပြင်းထန်ရောဂါအကာအကွယ်)
ကို ထပ်မံမိတ်ဆက်ထားပါတယ်။

Critical Illness Care သည် ၆၀% သော ပြင်းထန်ရောဂါများအားလုံးနီးပါးကို အကျုံးဝင်
Cover ရနိုင်စေမယ့် ပြင်းထန်ရောဂါ (၃၉)မျိုး ကို Cover ပေးထားပါတယ်။

“အသက်ကယ်အာမခံ” အမျိုးအစား???

Critical Illness Care သည် အသက်ဆုံးရှုံးပြီး မှ လျော် တာမဟုတ်ပါဘူး၊ ပြင်းထန်ရောဂါ စ ဖြစ်ပြီ၊ စစ်ဆေး တွေ့ရှိပြီ၊ ခွဲစိပ် ပြီးပြီဆိုတာနဲ့ အာမခံထားသူကို အပြည့်အဝ အာမခံ ပမာဏ ထုတ် ပေးခြင်း အားဖြင့် ကာကွယ်ပေးတဲ့ အာမခံအမျိုးအစားဖြစ်တဲ့အတွက် ရောဂါတွေကို အကောင်းဆုံး ကုသဖို့၊ ငွေကြေးအရ မိသားစုရဲ့ဝင်ငွေ ထိခိုက်မှု အနည်းဆုံး၊ ကုသမှု အကောင်းဆုံး ကုသနိုင်အောင် ကူညီပေးမယ့် “အသက်ကယ်အာမခံ” အမျိုးအစားဖြစ်ပါတယ်။

လက်ရှိမြန်မာပြည် အနေအထားအရ
ရောဂါဖြစ်ပွါးမှုကလဲ များနေပြီ။
ဖြစ်နိုင်ချေဆိုတာလဲ အသက်အရွယ်ရလာတာနဲ့ အမျှ ပို ပို ပြီး များ လာ၊ ကုန် ကျ စရိတ် တွေကလဲ ကြီးမား၊ ငွေကြေးအရ ဆိုတာကလဲ အရင်ကလို မျိူး ငွေပို ငွေလျှံ စုဆောင်း ထားတာတွေကလဲ ရှားပါးလာပြီ ဖြစ်တဲ့ အတွက်ကြောင့်မို့ Critical Illness Care က တကယ် ကို လိုအပ်တဲ့ အကာအကွယ် တစ်ခု ဖြစ်ပါတယ်။

မြန်မာပြည်တွင် သာမက ကမ္ဘာကြီးရဲ့ ဘယ်နေရာကနေမဆို ဝယ်ယူလို့ရနိုင်ပြီး 24/7 Worldwide အကာအကွယ်ပေးတဲ့ အာမခံဖြစ်တဲ့အတွက် အသေးစိတ် တိုင်ပင် ဆွေးနွေးနိုင်ပါတယ်ရှင့်။








𝒀𝒖 𝑾𝒂𝒅𝒅𝒚 𝑻𝒉𝒊𝒏𝒏
𝑭𝒊𝒏𝒂𝒏𝒄𝒊𝒂𝒍 𝑺𝒆𝒓𝒗𝒊𝒄𝒆 𝑪𝒐𝒏𝒔𝒖𝒍𝒕𝒂𝒏𝒕
𝑰𝑨(𝑵)𝑳𝑰-𝟎𝟕𝟒𝟏𝟎
𝟎𝟗 𝟕𝟕𝟗𝟖 𝟒𝟏𝟒𝟓𝟒
𝒚𝒖𝒘𝒂𝒅𝒅𝒚-𝒚𝒘.𝒕𝒉𝒊𝒏𝒏@𝒂𝒊𝒂.𝒄𝒐𝒎.𝒎𝒎

Photos from Peace Of Mind For Your Family - Insurance By Yu's post 03/10/2024

🎗️ကင်ဆာရောဂါနဲ့ပတ်သက်ပြီး ဘာကြောင့်စိတ်ပူသင့်သလဲ?

လူ့ဘဝသက်တမ်းအတွင်းမှာ လူ (၅) ယောက်လျှင်
(၁)ယောက်မကသော နှုန်း ဖြင့် ကင်ဆာဖြစ်ပွါးလျက်ရှိပါတယ်
ကင်ဆာရောဂါဟာ ဖြစ်ပွါးမှုနှုန်းနှင့် အသက်
ဆုံးရှုံးမှုနှုန်း အလွန်မြင့်မားတဲ့အတွက်
အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးစလုံးမှာ ဖြစ်ပွါးနိုင်ပြီး ကုသမှု ကုန်ကျစရိတ်များခြင်းကြောင့်ငွေကြေးဆိုင်ရာ ထိခိုက်မှုများကို ကြီးမားစွာ ကြုံတွေ့စေနိုင်ပါတယ်။

🎗️ကင်ဆာရောဂါအကာအကွယ် ဘာကြောင့်ထားရှိသင့်တာလဲ?

ရောဂါဝေဒနာခံစားနေရဲ့ သူအနေနဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု၊စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ငွေရေးကြေးရေးထိခိုက်မှုတွေစတဲ့ သက်ရောက်မှုတွေအပြင်
မိသားစုဝင်တွေမှာလဲ စိတ်ပိုင်းဆိုင်ရာ ဝမ်းနည်းခြင်း၊ဆုံးရှုံးနိုင်မှုအားကြောက်ရွံ့ခြင်း၊လိုအပ်လာမယ့်ငွေကြေးအတွက် ကြိုတင်စီမံထားရခြင်း၊အကြွေးတင်ခြင်း စတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

🎗️ဘာကြောင့် ကင်ဆာရောဂါ အကာအကွယ် ဝယ် သင့်သလဲ?

ကင်ဆာရောဂါကုသမှု ကုန်ကျစရိတ် စျေးကြီးခြင်းကြောင့် မိသားစု၏စုဆောင်းထားငွေများလျင်မြန်စွာဆုံးရှုံးစေနိုင်တဲ့အတွက် မမျှော်လင့်သော ငွေကြေးပြတ်လပ်မှုကို ဖြစ်စေနိုင်ပါတယ်
ကင်ဆာရောဂါဖြစ်ပွါးမှု၊ဖြစ်ပွါးနိုင်ချေမြင့်မားလာခြင်းကြောင့် ဖြစ်လာမယ့် ငွေကြေးနဲ့ စိတ်
ပိုင်ဆိုင်ရာ မတည်ငြိမ်မှုများကို အာမခံအကာအကွယ်နဲ့ စိတ်အေးချမ်းမှု၊စိတ်သက်သာမှုကို ရရှိနိုင်ပါတယ်။

အခုဆိုရင် ကျွန်မတို့ AIA Myanmar မှ Cancer Care ကင်ဆာ သီးသန့်အာမခံကနေ ငွေကြေးအကာအကွယ်ယူနိုင်ပါပြီ။

အသေးစိတ် သိရှိလိုပါက တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့်။








𝒀𝒖 𝑾𝒂𝒅𝒅𝒚 𝑻𝒉𝒊𝒏𝒏
𝑭𝒊𝒏𝒂𝒏𝒄𝒊𝒂𝒍 𝑺𝒆𝒓𝒗𝒊𝒄𝒆 𝑪𝒐𝒏𝒔𝒖𝒍𝒕𝒂𝒏𝒕
𝟎𝟗 𝟕𝟕𝟗𝟖 𝟒𝟏𝟒𝟓𝟒
𝒚𝒖𝒘𝒂𝒅𝒅𝒚-𝒚𝒘.𝒕𝒉𝒊𝒏𝒏@𝒂𝒊𝒂.𝒄𝒐𝒎.𝒎𝒎

27/09/2024

အာမခံက မလိုအပ်သေးပါဘူး

ဒါဆို မေးခွန်းလေးတွေ ဖြေကြည့်ရအောင်👇

🎯ကိုယ်က အိမ်မှာ ဝင်ငွေရှာနေတဲ့သူလား?

🚸သားသမီးပညာရေးအတွက် နောင် ၅နှစ် ၇နှစ် ၁၄နှစ်လောက် အထိ ပညာရေးစရိတ်တွေ စုဆောင်း စီမံပြီးသွားပြီလား?

💸ဝင်ငွေရှာနေတဲ့သူသာ မမျှော်လင့်ထားတဲ့ အရာတွေကြုံလာခဲ့မယ်ဆိုရင်(ဒီထက်ပိုကောင်းတဲ့ဘဝ ရောက်သွားခဲ့ရင်၊ အလုပ်မလုပ်နိုင်တဲ့ အခြေအနေမျိုးဖြစ်သွားခဲ့ရင်၊ ရောဂါပြင်းပြင်းထန်ထန် ခံစားခဲ့ရင်) ကိုယ့်ဝင်ငွေပေါ်မှာ မှီခိုနေတဲ့ မိသားစုဝင်တွေအတွက် လုံလောက်တဲ့ ငွေပမာဏမျိုး ချန်ထားခဲ့နိုင်ပြီလား?

🏥ကျန်းမာရေး တစ်စုံတစ်ရာဖြစ်လာခဲ့ရင်ရော ကုန်ကျစရိတ်အတွက် စုဆောင်း ပြင်ဆင်
ထားပြီးပြီလား?

🎗️ကင်ဆာရောဂါလို ဆေးကုသစရိတ်မြင့်မားတဲ့ ရောဂါအတွက် ငွေကြေးအကာအကွယ် စီမံထားပြီး
ပြီလား?

👆ဒီလိုမျိုးအခြေအနေတွေကြုံလာခဲ့ရင်
ဘာတွေစီမံထားပြီးပြီလဲ???

☂️အာမခံဆိုတာ မမျှော်လင့်ထားတဲ့ အရာတွေ အတွက်ကြိုတင်စီမံထားခြင်းပါ။

တစ်နှစ်စာ ဝင်ငွေရဲ့ 5% သို့ 10%လောက်ကို ဖယ်ပြီးငွေကြေးအကာအကွယ် ယူထားသင့်ပါတယ်။

အခုလို အခြေအနေမျိုးမှာ မိသားစုတိုင်း၊လူတိုင်း
ငွေကြေအကာအကွယ်ယူထားဖို့ စီမံထားဖို့
တိုက်တွန်းချင်ပါတယ်။







𝒀𝒖 𝑾𝒂𝒅𝒅𝒚 𝑻𝒉𝒊𝒏𝒏
𝑭𝒊𝒏𝒂𝒏𝒄𝒊𝒂𝒍 𝑺𝒆𝒓𝒗𝒊𝒄𝒆 𝑪𝒐𝒏𝒔𝒖𝒍𝒕𝒂𝒏𝒕
𝟎𝟗 𝟕𝟕𝟗𝟖 𝟒𝟏𝟒𝟓𝟒
𝒚𝒖𝒘𝒂𝒅𝒅𝒚-𝒚𝒘.𝒕𝒉𝒊𝒏𝒏@𝒂𝒊𝒂.𝒄𝒐𝒎.𝒎𝒎

17/08/2024

မြန်မာနိုင်ငံမှာရော ကမ္ဘာမှာပါ
နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရ အောင်မြင်သူ
အာမခံကိုယ်စားလှယ်တွေ အများဆုံး ပေါ်ထွက်စေတဲ့ ကမ္ဘာ့အကြီးဆုံး အသက်အာမခံ AIA Company ကြီးမှာ
လုပ်ကိုင်ခွင့်ရမယ့် အခွင့်အလမ်းလေးရှိနေတဲ့အတွက်
Insurance Industry ကိုစိတ်ဝင်စားပြီး
ရေရှည်လုပ်ကိုင်လိုသူများကို နွေးထွေးစွာ
ဖိတ်ခေါ်ပါတယ်ရှင်။

Be Professional
Be Infinity Wealth

𝒀𝒖 𝑾𝒂𝒅𝒅𝒚 𝑻𝒉𝒊𝒏𝒏
𝑭𝒊𝒏𝒂𝒏𝒄𝒊𝒂𝒍 𝑺𝒆𝒓𝒗𝒊𝒄𝒆 𝑪𝒐𝒏𝒔𝒖𝒍𝒕𝒂𝒏𝒕
𝑰𝑨(𝑵)𝑳𝑰-𝟎𝟕𝟒𝟏𝟎
𝟎𝟗 𝟕𝟕𝟗𝟖 𝟒𝟏𝟒𝟓𝟒
𝒚𝒖𝒘𝒂𝒅𝒅𝒚-𝒚𝒘.𝒕𝒉𝒊𝒏𝒏@𝒂𝒊𝒂.𝒄𝒐𝒎.𝒎𝒎

22nd Floor,Junction City Tower,Bogyoke Aung San Road,Yangon.

Photos from Peace Of Mind For Your Family - Insurance By Yu's post 07/08/2024

အခုလို အခြေအနေမျိုးမှာ
မမြင်နိုင်တဲ့အရာတွေအတွက် riskတွေကို ထမ်းပိုးထားနေတုန်းလား🤔???

🚨ဆေးကုသစရိတ်မြင့်တက်နေတဲ့ခေတ်ကြီးမှာ
ကိုယ့်ရဲ့ကျန်းမာရေးကုန်ကျစရိတ်တွေအတွက် AIAကို
တာဝန်လွှဲပြောင်းပေးလိုက်ပါ။

🚨ကိုယ့်ရဲ့ဝင်ငွေပေါ်မှာအလုံးစုံမှီခိုနေတဲ့
မိသားစုရှိနေခဲ့ရင်
ကိုယ်သာတစ်ခုခုသာဖြစ်သွားခဲ့ရင်
ကိုယ်ချစ်ရတဲ့မိသားစု လက်ရှိအခြေအနေကနေ
မယိမ်းယိုင်သွားအောင် နိမ့်ပါးမသွားအောင်
AIAကို တာဝန်လွှဲပြောင်းပေးလိုက်ပါ။

လွှဲပြောင်းလို့ရမယ့် risk တွေကို ဘာလို့ စိတ်အပူခံပြီးထမ်းထားနေဦးမှာလဲ???

လူတိုင်း၊ မိသားစုတိုင်း နှင့် သင့်လျော်တဲ့ အာမခံအကြောင်းတွေကို အသေးစိတ် ဆွေးနွေး၊ရှင်းပြပေးဖို့
အမြဲအဆင်သင့်ပါပဲရှင်။

𝒀𝒖 𝑾𝒂𝒅𝒅𝒚 𝑻𝒉𝒊𝒏𝒏
𝑭𝒊𝒏𝒂𝒏𝒄𝒊𝒂𝒍 𝑺𝒆𝒓𝒗𝒊𝒄𝒆 𝑪𝒐𝒏𝒔𝒖𝒍𝒕𝒂𝒏𝒕
𝑰𝑨(𝑵)𝑳𝑰-𝟎𝟕𝟒𝟏𝟎
𝟎𝟗 𝟕𝟕𝟗𝟖 𝟒𝟏𝟒𝟓𝟒
𝒚𝒖𝒘𝒂𝒅𝒅𝒚-𝒚𝒘.𝒕𝒉𝒊𝒏𝒏@𝒂𝒊𝒂.𝒄𝒐𝒎.𝒎𝒎

22nd Floor, Junction City Tower, Bogyoke Aung San Road, Yangon.




Want your business to be the top-listed Accountant in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


22nd Floor, Junction City Tower, Bogyoke Aung San Road
Yangon
11143