Forex Trading by Zon Pwint

Forex Trading by Zon Pwint

Share

Your Best Advisor Zon Pwint �

05/04/2026

ကျန်းမာရေး အာမခံတွေအားလုံးထဲမှာမှ GGI ရဲ့ Health product ကို ဘာ့ကြောင့် လူကြိုက်များတာလဲ?
🤔🤔🤔

✅ ဘယ်မှာမှ မရတဲ့ ဆေးခန်းပြသခွင့်ကလဲ GGI မှာပဲရပါတယ်။

🔶 လူတစ်ယောက်ဟာ တစ်နှစ်ပတ်လုံး ရောဂါကြီးကြီးမားမားတွေထက် နှာစေး ချောင်းဆိုး ကိုယ်လက်နာ စသဖြင့်ရောဂါ အသေးအမွှားလေး‌တွေကြောင့် ဆေးခန်းပြရတာက ပိုများသလို ဖြစ်နိုင်ချေလဲ ပိုများပါတယ်။

🔶 ကျန်းမာရေးအာမခံတွေရဲ့ သဘောသဘာဝအရ ဖြစ်မှရတာဖြစ်လို့ တစ်နှစ်ပတ်လုံးဘာမှမဖြစ်ရင် ဘာမှမရပါဘူး တစ်စုံတစ်ရာဖြစ်ခဲ့သည်ရှိသော် ကိုယ်ထားတဲ့ units နဲ့အညီ အာမခံအကာအကွယ် ပြန်ရတာဖြစ်လို့ ငွေကြေးပိုင်းဆိုင်ရာ စိတ်အေးနိုင်ပါတယ်။

🔶 တစ်နှစ်ပတ်လုံး ကိုယ်သုံးထားရတဲ့ ငွေamount ကို ရောဂါကြီးကြီးမားမား ဖြစ်မှသာပြန်ရနိုင်တာမျိုးမဟုတ်ပဲ ဆေးခန်းပြရင်တောင် claim ရတယ်ဆိုတော့ customer တွေအတွက် စိတ်ကျေနပ်ရတဲ့ cover တစ်ခုဖြစ်နေတာပါ။

🔶 ဆေးခန်းပြတာကစလို့ ဆေးရုံတက် ခွဲစိတ် တစ်လုံးတည်းအကျိုးခံစားခွင့် သေဆုံးနဲ့ထာဝစဉ်မသန်စွမ်းအထိပါ cover ရတာကြောင့် customer အတော်များများ အကြိုက်တွေ့ရတဲ့ GGI ရဲ့ ကျန်းမာရေးအာမခံပဲဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက

Zun Pwint Phyu
Executive Life Planning Officer (GGI Nippon Life Insurance)
09 255 114 815

28/03/2026

ကျန်းမာရေးအာမခံကို နှစ်အရှည်ဆုံး ဘယ်လောက်ထိ ထားလို့ရလဲ? 👇👇👇

ဇွန်ပွင့်တို့ဆီမှာဆိုရင် ကျန်းမာရေးအာမခံကို 1နှစ်ကနေ နှစ် 20 အထိ အာမခံ သက်တမ်းကို ထားလို့ရပါတယ်။

✅ စထားထားချင်း နှစ်မှာသာ ကျန်းမာရေးဆေးစစ်တာကို ပြုလုပ်ပေးရပြီး နှစ် 20ထားမယ်ဆိုပါက နှစ်20လုံး Renew ပြန်မလုပ်ရပဲ ရှိရင်းစွဲရောဂါက လွဲလို့
အာမခံထားပြီးမှ ဖြစ်လာတဲ့ရောဂါ မှန်သမျှကို အလုံးစုံ အကာအကွယ် ပေးထားတာပဲ ဖြစ်ပါတယ်။

ရရှိနိုင်တဲ့ အကျိုးခံစားခွင့်တွေကတော့ 👇👇👇

✅ Outpatient (ဆေးရုံဆေးခန်းပြသမူ့)
✅ Lump Sum (တစ်လုံးတည်းအကျိုးခံစားခွင့်)
✅ Surgery (ခွဲစိတ်ကုသခြင်း)
✅ Hospitalisation (ဆေးရုံတက်ကုသရခြင်း)
✅ Death & TPD (ပုံမှန်ကိစ္စရပ်များကြောင့် အသက်ဆုံးရှုံးခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း)
✅Accidental Death & TPD (မတော်တဆထိခိုက်မူ့ကြောင့် အသက်ဆုံးရှုံးခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း)

♦️ အာမခံထားနိုင်တဲ့ အသက်အရွယ်အပိုင်းခြားကတော့ ရက်(30) သားကနေ အသက်(70) အထိပဲဖြစ်ပါတယ် ♦️

Zun Pwint Phyu
Executive Life Planning Officer (GGI Nippon Life Insurance)
09 255 114 815

#ကျန်းမာရေးအာမခံ #အကာအကွယ် #အသက်အာမခံ

Photos from Forex Trading by Zon Pwint's post 17/03/2026

✨✨ အခြားသော insurance company က Agent ကအခုလို ဇွန်ပွင့်တို့ GGI ရဲ့ ကျန်းမာရေးအာမခံကိုကြိုက်လို့ဆိုပြီး လာရောက်ဆက်သွယ်တဲ့အတွက် ကျေးဇူးတင်ရပါတယ်ရှင် ✨✨

Your Life Your Choice ✅

Zun Pwint Phyu
Executive Life Planning Officer (GGI Nippon Life Insurance)
09 255 114 815

#ကျန်းမာရေး #အာမခံ

Photos from Forex Trading by Zon Pwint's post 16/03/2026

**ကျန်းမာရေးအာမခံမှာ ရှိရင်းစွဲရောဂါအပေါ် exclusion ကပ်ခြင်း **

🔶 ဒီ customer က အသက် 63 နှစ်ဆိုတော့ ကျောက်ကပ်နဲ့ဆီးကြိတ်ကြီးတာကို တွေ့ရတဲ့အတွက် company ဘက်က ရှိရင်းစွဲရောဂါအနေနဲ့ exclusion ကပ်လိုက်ပါတယ်။

🔶 အာမခံရဲ့ rules and regulations တွေကို နားလည်တဲ့ ဇွန်ပွင့်ရဲ့ customer ကတော့ လက်ခံပေးပြီး 1st premium ကို 10သိန်းနီးပါးသွင်းပြီး ကျန်းမာရေးအာမခံ ရယူခဲ့ပါတယ်။

🔶 (တချို့ customer တွေကျ exclusion ပါပြီဆိုတာနဲ့ မထားတော့ဘူဆိုပြီးလုပ်ကြတယ်။ အမှန်က 96 ပါးသော ရောဂါတွေထဲမှာ ရှိရင်းစွဲဖြစ်တဲ့ ဒီတစ်ခုကိုသာ exclusion ကပ်တာဖြစ်ပြီး ကျန်သောရောဂါတွေအတွက်က cover ရနေမှာဖြစ်လို့ 90% လောက်ကို ကာကွယ်ပေးနေမှာပါ။

🔶 အကယ်၍ လုံးလုံးသာမထားရင် 100% လုံးကို ကိုယ်တိုင်တာဝန်ယူရမှာပဲဖြစ်ပါတယ်။🔶

🔶 အာမခံအကြောင်း နားလည်တဲ့သူတွေကတော့ အစောထဲကသာ ထားခဲ့ရင် အားလုံးအတွက် အကာအကွယ်ရနေမှာဆိုပြီး ပြောကြပါတယ်။)

**ဒါ့ကြောင့် exclusion ပါလို့ မထားတော့တာမျိုးကိုမတွေးပဲ ဒီရောဂါကလွဲလို့ ကျန်တဲ့ရောဂါတွေအတွက် cover ဖြစ်နေသေးလို့ ငါ့အတွက် ခံသာသေးတယ်လို့ တွေးရမှာပါရှင်**

Zun Pwint Phyu
Executive Life Planning Officer (GGI Nippon Life Insurance)
09 255 114 815

Photos from Forex Trading by Zon Pwint's post 02/03/2026

Medical checkup အတွက် ကုန်ကျစရိတ်ကို March 2026 အထိ company ဘက်က ကျခံပေးမှာဖြစ်လို့ အမြန်ဆုံး ကျန်းမာရေးအာမခံ လာထားကြပါနော် 🥰

02/03/2026

အခုလို ဇွန်ပွင့်တို့ GGI ကိုရော ဇွန်ပွင့်ကိုရော ယုံကြည်ပြီး အမြဲဆက်သွယ်လာတဲ့ customer တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ် 🙏🥰

ကျန်းမာရေးအာမခံထားမယ်ဆိုရင် ခု March လကုန်အထိ ဆေးစစ်ခကို company ဘက်က ကျခံပေးမှာဖြစ်လို့ ✨

ကျန်းမာရေးအာမခံထားဖို့ စိတ်ကူးရှိနေတယ်ဆိုရင် ဒီလအတွင်း အမြန်ဆုံးဆက်သွယ်ပေးပါရှင် 🥰

🔥 အသက် 75 အထိရပါတယ်နော် 🔥

#ကျန်းမာရေးအာမခံ #အသက်အာမခံ

02/03/2026

အာမခံအကြောင်း မတင်ဖြစ်လို့ active မဖြစ်တော့ဘူ မထင်ပါနဲ့နော် 🥺

ပြီးခဲ့တဲ့လက အလုပ်လေးနည်းနည်းရှုပ်နေလို့ပါ 🙏

ဒီလကစပြီး customer ရဲ့ feedback တွေ GGI ရဲ့ service တွေအကြောင်း sharing လုပ်ပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦးရှင် 🥰

29/01/2026

ကျန်းမာရေး အာမခံ အမြန်လာထားကြပါနော်

-သေနှုန်းမြင့်တဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း သိထားသင့်တဲ့ (၅) ချက်�

- အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်နေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ် - မြန်မာတွေ ဘာတွေသတိထားရမလဲ? 🦇🚨

မင်္ဂလာပါ... ဒေါက်တာရဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်း သတင်းတွေမှာ အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ နီပါ (Nipah Virus) ပြန်တွေ့နေရသလို၊ ထိုင်းနိုင်ငံဘက်ကလည်း သတိပေးချက်တွေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် ကိုယ့်မြန်မာနိုင်ငံက ပြည်သူတွေလည်း ကြိုတင်သတိထားနိုင်အောင် ဒီဗိုင်းရပ်စ်အကြောင်းလေး အရေးပေါ် မျှဝေပေးချင်ပါတယ်။

Nipah ဆိုတာက သာမန်တုပ်ကွေးလိုလိုနဲ့ အသက်အန္တရာယ်အထိ ပေးနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ဒီရောဂါအတွက် အတိအကျ ကုသပျောက်ကင်းနိုင်တဲ့ ဆေးမရှိသေးသလို၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေး (Vaccine) လည်း ကမ္ဘာပေါ်မှာ မပေါ်သေးပါဘူး။
သေဆုံးနှုန်းက (၄၀% ကနေ ၇၅%) အထိ မြင့်မားနိုင်တာမို့ လုံးဝပေါ့ဆလို့ မရပါဘူး။

🔍 ဘယ်လိုကူးစက်နိုင်လဲ?
အဓိကကတော့ တိရစ္ဆာန်ကနေ လူကို ကူးစက်တာပါ။

(၁) လင်းနို့များ
လင်းနို့တွေက အသီးမှည့်ရင် အရမ်းကြိုက်ပါတယ်။ သရက်သီး၊ မာလကာသီး စတာတွေပေါ့။
* ❌ အပင်အောက် ပြုတ်ကျနေတဲ့ အသီးတွေကို ကောက်မစားပါနဲ့။
* ❌ ငှက်ဆိတ်ရာ၊ အကောင်ကိုက်ရာ ပါတဲ့ အသီးဆိုရင် နှမြောပြီး လှီးထုတ်စားတာမျိုး လုံးဝ မလုပ်ပါနဲ့။ တစ်လုံးလုံး လွှင့်ပစ်လိုက်ပါ။ အဲ့ဒီအသီးမှာ လင်းနို့တံတွေးကနေတဆင့် ဗိုင်းရပ်စ်ပါလာနိုင်ပါတယ်။

လင်းနို့တွေက ထန်းရည်အိုးတွေမှာ လာတွဲခိုတတ်သလို၊ အိုးထဲကို အညစ်အကြေးစွန့်တာတွေ ရှိနိုင်ပါတယ်။
* ❌ ထန်းရည်အိုးဖွင့်ထားတာတွေကို သောက်တာက အရမ်းအန္တရာယ်များပါတယ်။

(၂) ရောဂါပိုးရှိတဲ့ ဝက် တွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။

(၃) ရောဂါပိုးရှိတဲ့ လူနာ ရဲ့ ခန္ဓာကိုယ်အရည် (တံတွေး၊ သွေး၊ ဆီး) နဲ့ အနီးကပ်ထိတွေ့မိရင်လည်း လူအချင်းချင်း ကူးစက်နိုင်ပါတယ်။

🚨 သတိထားရမည့် လက္ခဏာများ (Symptoms)
ဗိုင်းရပ်စ်ဝင်ပြီး (၄) ရက်ကနေ (၁၄) ရက်အတွင်းမှာ လက္ခဏာပြတတ်ပါတယ်။
1. ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း။
2. ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း။
3. အော့အန်ခြင်း၊ လည်ချောင်းနာခြင်း။
4. မောပန်းခြင်း၊ အသက်ရှူရခက်ခဲခြင်း
5. အရေးကြီးဆုံးအဆင့် - ရောဂါရင့်လာရင် ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) ဖြစ်လာမယ်။ ခေါင်းမူးဝေမယ်၊ ကယောင်ကတမ်းဖြစ်မယ်၊ သတိလစ်မလိုဖြစ်မယ်။ ဒီအဆင့်ရောက်ရင် (၂၄) နာရီကနေ (၄၈) နာရီအတွင်း ကိုမာ (Coma) ဝင်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

-လောလောဆယ် နီပါဗိုင်းရပ်စ်အတွက် တိကျတဲ့ ကုသဆေးနဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါကြောင့် ကာကွယ်ခြင်းကသာ အထိရောက်ဆုံး ကုသမှုပါ။

🛡️ ဘယ်လိုကာကွယ်ကြမလဲ?

✅ (၁) အသီးအနှံများကို သတိထားစားသုံးပါ - အသီးတွေကို ရေစင်စင်ဆေးပြီးမှ စားပါ။ အခွံနွှာစားပါ။ ငှက်/လင်းနို့ ကိုက်ရာပါတဲ့ အသီးတွေကို လုံးဝ(လုံးဝ) မစားပါနဲ့။ မြေကြီးပေါ် ကြွေကျနေတဲ့ အသီးတွေကို ကောက်မစားပါနဲ့။

✅ (၂) လက်သန့်ရှင်းရေး - ဆပ်ပြာနဲ့ ရေကိုသုံးပြီး မကြာခဏ လက်ဆေးပါ။ အထူးသဖြင့် အစားမစာခင်နဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့ပြီးချိန်မှာ လက်ဆေးပါ။

✅ (၃) ထန်းရည် - ထန်းရည်အိုးတွေမှာ လင်းနို့တွေ လာပြီးတွဲခိုနေတတ်တာကြောင့် သတိထား သောက်သုံးပါ။

✅ (၄) လူနာနှင့် ထိတွေ့မှု - ဖျားနာနေတဲ့လူနာကို ပြုစုရမယ်ဆိုရင် Mask တပ်ပါ၊ လက်အိတ်စွပ်ပါ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။

ဒီရောဂါက ကုဆေးမရှိပေမယ့် "ဆင်ခြင်မှု" နဲ့ ၁၀၀% ကာကွယ်လို့ ရပါတယ်။

ကျန်းမာရေးသတိ၊ အမျိုးသားသတိ ဆိုသလိုပဲ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဂရုစိုက်ကြပါခင်ဗျာ။

ဒီအကြောင်းအရာလေးကို ကိုယ်ချစ်ရတဲ့ သူတွေလည်း သိရအောင် Share လုပ်ပြီး သတိပေးလိုက်ကြပါဦးနော်။

(Update ဖြစ်သော ကျန်းမာရေးဗဟုသုတများကို နေ့စဉ်ဖတ်ရှုရန် Dr. Ye Page ကို See First လုပ်ထားပါ)

#နီပါဗိုင်းရပ်စ် #ကျန်းမာရေး
#နီပါဗိုင်းရပ်စ် #ကျန်းမာရေးဗဟုသုတ
#ဒေါက်တာရဲ

28/01/2026

ဇွန်ပွင့်ရဲ့ ဒီ customer လေးက 12လပိုင်းမှာ ကျန်းမာရေးအာမခံထားတယ် ✅✅✅

🔶 1လပိုင်းထဲရောက်တော့ ရင်သားမှာ အကျိတ်ဖြစ်နေမလား မသင်္ကာလို့ဆိုပြီး ဆေးခန်းပြကြည့်တာ တကယ်ကိုရင်သားအကျိတ်ဖြစ်နေတယ်။

🔶 အဲ့ဒါနဲ့ ဆေးခန်းပြ နောက်ဆုံး ခွဲစိတ်မူ့တွေကိုပါ လုပ်ခဲ့ရပါတယ်။

🔶 ဒါလေးကိုပြန်ပြီး claim တင်ပေးတော့ ဆေးခန်းပြတာတွေကအစ ခွဲစိတ်ခတွေကိုပါ company ကလျော်ပေးခဲ့တယ်။

🔶 တစ်လပဲ အာမခံကြေးသွင်းရသေးတယ်။ အခုလို လျော်ပေးတယ်ဆိုတော့ ကိုယ့်ရဲ့ customer တွေအတွက် တကယ်ကို ဝမ်းသာရသလို GGI ကိုလဲ ကျေးဇူးတင်ရပါတယ်။

🔶 (Pre-existing တွေဘာတွေကြည့်ဖို့အတွက်ကလဲ customer ကို ph လေးတစ်ခါပဲ ခေါ်လိုက်ရတယ်။
"ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ? အကျိတ်မှန်းသိတာကရော ဘယ်အချိန်ကလဲ? ဒါနဲ့ပတ်သက်ပြီး ဆေးခန်းတွေရောပြဘူးလား? "ဆိုတာမျိုးပေါ့

🔶 Company ဘက်ကလိုချင်တဲ့အဖြေရပြီဆိုတာနဲ့ claim process ကို run လိုက်တာ 21 ရက်နေ့မှာ အချက်အလက်စုံတော့ 26 ရက်နေ့မှာပဲ ခွဲစိတ်ခရော ဆေးရုံတက်စရိတ်ပါ လျော်ပေးနိုင်ခဲ့ပါတယ်။ ✅✅✅

✅✅ ကဲ ဒါဆိုရင်တော့ ကျန်းမာရေးအာမခံဆိုတာနဲ့ GGI ကိုသာပြေးမြင်လိုက်သင့်ပြီမဟုတ်လား 🥰

Zun Pwint Phyu
Executive Life Planning Officer (GGI Nippon Life Insurance)
09 255 114 815

26/01/2026

ကဲ သူများတွေတော့ အသက်အာမခံထားပြီးသားကိုတောင် နောက်ထပ် ထားချင်လို့ပါဆိုပြီး လာဆက်သွယ်နေကြပြီ ♦️

အစ်ကိုတို့ အစ်မတို့ကရော ခုချိန်ထိ ....

♦️အသက်အာမခံဆိုတာဘာလဲ?
♦️ကျန်းမာရေးအာမခံကရော ငါတို့အတွက် လိုအပ်လို့လား?
♦️အလကားသက်သက် အပိုတွေပါလို့ တွေးနေတုန်းလား?

ဒါဆိုရင်တော့ ဆက်တွေးနေလိုက်နော် ဘာမှမပြောတော့ပါဘူး ဟီး 🤭🤭

Zun Pwint Phyu
Executive Life Planning Officer (GGI Nippon Life Insurance)
09 255 114 815

Want your business to be the top-listed Accountant in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Yangon