Yu Thet - Forex Advisor

Yu Thet - Forex Advisor

Share

Education Sharing

30/06/2026

June လ (30) ရက်နေ့မှာ ကမ္ဘာ့ရွှေစျေးကွက်ကို သုံးသပ်မယ့်မိတ်ဆွေများအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ကျွန်မရဲ့ စျေးကွက်သုံးသပ်ချက်လေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

https://t.me/yuthetforexchannel

30/06/2026

Analysis ကို စာနဲ့လေ့လာချင်တဲ့ မိတ်ဆွေများအတွက်

ဒီနေ့ June လ 30 ရက်နေ့မှာ XAUUSD 1 Ounce ကို 4022 ကနေ 3942 ထိ မနက်ခင်းမှာ $80 ခန့်စျေးအကျရှိထားပြီး လက်ရှိ 3966 စျေးတန်းမှာရှိနေပါတယ်

လက်ရှိ Market က 4085-4100 Zone အထက်ကို Break နိုင်ခြင်းမရှိပဲ အကျပြန်လာခဲ့တာ အခုဆိုရင် Support Level တွေကိုပါ ဖောက်ဆင်းထားတာကိုတွေ့ရပါတယ်

3960 အောက် စျေးပိတ်ခဲ့ရင် အကျ Structure အတိုင်း စျေးဆက်ဆင်းနိုင်ခြေရှိပါတယ်

ဒါကြောင့် စျေးအတက်ပြန်လာပါက 4010-4022 Zone နှင့် 4040-4053 Zone တွေကို စောင့်ကြည့်ရပါမယ်

အကယ်၍ 4085-4100 Zone အထက်စျေးပြန်ပိတ်နိုင်ခဲ့ရင်တော့ ရေတိုစျေးအတက်တစ်ခုမြင်တွေ့ရနိုင်ခြေရှိပါတယ်

စျေးဆက်ကျဖို့အတွက်က အနီးစပ်ဆုံး 3943-3930 Zone အောက်ကို ဆက်ပြီး Break နိုင်ဖို့လိုပါတယ်

ဖောက်ဆင်းခဲ့ပါက 3915/3900/3886 ထိ စျေးအကျရှိနိုင်ပါတယ်

ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4010-4022 Zone နှင့် 3943-3930 Zone တွေပဲဖြစ်ပါတယ်

ဒါကြောင့် 3943-3930 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 3930 အောက် HTF အရ Break ခဲ့ရင်တော့ 3900-3885 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်

အရောင်းတွက်ကတော့ 4010-4022 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4040-4053 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်

နေ့စဉ်စျေးကွက်သုံသပ်ချက် များသိရှိလိုပါက Join ထားနိုင်ပါတယ်
https://t.me/komyofxtrading

Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။

Telegram : https://t.me/KoMyo17

26/06/2026

ဒီနေ့ June လ 26 ရက်နေ့မှာ XAUUSD 1 Ounce ကို 4036 ကနေ 4011 ထိ မနက်ခင်းမှာ $25 ခန့်စျေးအကျရှိထားပြီး လက်ရှိ 4021 စျေးတန်းမှာရှိနေပါတယ်

လက်ရှိ Market က မနေ့က အတိုင်း အပြောင်းအလဲသိပ်မရှိသေးပဲ 4038-4056 Zone နှင့် 3960 ကြား စျေးငြိမ်နေတာကိုတွေ့ရပါတယ်

4040 ဝန်းကျင်ကနေ 4010 ထိ စျေးအကျရှိထားတာကြောင့် မနေ့က Analysis အတိုင်းအရောင်းရလိုက်ပြီး အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်

4038-4056 Zone အထက်ကို Break Out မဖြစ်နိုင်သ၍ အကျဘက်ကို ဆက်သွားနိုင်ခြေ များပါတယ်

ဒီ Zone အထက်ဖောက်တက်လာပါက 4090/4100 နားထိ စျေးအတက်ဆက်ရှိပါမယ်

ဒီနေ့မှာလဲ 4038-4056 Zone နှင့် 4085-4100 Zone တွေကို စောင့်ကြည့်ရပါမယ်

စျေးဆက်ကျဖို့ရန်အတွက် 3960/3945-3928 zone/3915/3887 စျေးတန်းတွေက Support Level တွေအဖြစ်ရှိနေမှာဖြစ်ပါတယ်

စျေးအကျအားကောင်းနေတာကြောင့် 3900 အောက် Daily/4H အရစျေးပိတ်နိုင်မလားစောင့်ကြည့်ပြီး၊ Daily အရ Bullish Candle ပြန်ရမှာ ရေရှည်ဝယ်ဖို့ စဉ်းစားတာ အကောင်းဆုံးဖြစ်ပါတယ်

3900 အောက်ကိုပါ ဆက် Break ဆင်းခဲ့ရင်တော့ 3820/3790 ထိစျေးအကျမြင်ရနိုင်ပါတယ်

4100-4110 Zone အထက် 4H စျေးပြန်ပိတ်နိုင်ပြီး Structure ပြန် Change နိုင်ခဲ့ရင်တော့ ရေတိုအတက်ပြန်သွားနိုင်ခြေရှိပါတယ်

ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4038-4056 Zone နှင့် 3965-3950 Zone တွေပဲဖြစ်ပါတယ်

ဒါကြောင့် 3965-3950 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 3950 အောက် HTF အရ Break ခဲ့ရင်တော့ 3900-3885 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်

အရောင်းတွက်ကတော့ 4038-4056 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4085-4100 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်

နေ့စဉ်စျေးကွက်သုံသပ်ချက် များသိရှိလိုပါက Join ထားနိုင်ပါတယ်
https://t.me/komyofxtrading

Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။

Telegram : https://t.me/KoMyo17

25/06/2026

Daily Analysis 📊

ဒီနေ့ June လ 25 ရက်နေ့မှာ XAUUSD 1 Ounce ကို 4018 ကနေ 3962 ထိ မနက်ခင်းမှာ $56 ခန့်စျေးအကျရှိထားပြီး လက်ရှိ 3967 စျေးတန်းမှာရှိနေပါတယ်

လက်ရှိ Market က အကျ Structure ထဲမှာရှိနေပြီး 4000 စျေးတန်းအောက်ကိုပါ ဆက် Break ထားတာကြောင့် အကျအားဆက်ရှိနေနိုင်ပါတယ်

အကျ Structure ထဲမှာရှိနေတာကြောင့် စျေးအတက်
ပြန်လာတဲ့အခါ 4038-4056 Zone နှင့် 4085-4100 Zone တွေကို စောင့်ကြည့်ရပါမယ်

စျေးဆက်ကျဖို့ရန်အတွက် 3945-3928 zone/3915/3887 စျေးတန်းတွေက Support Level တွေအဖြစ်ရှိနေမှာဖြစ်ပါတယ်

စျေးအကျအားကောင်းနေတာကြောင့် 3900 အောက် Daily/4H အရစျေးပိတ်နိုင်မလားစောင့်ကြည့်ပြီး၊ Daily အရ Bullish Candle ပြန်ရမှာ ရေရှည်ဝယ်ဖို့ စဉ်းစားတာ အကောင်းဆုံးဖြစ်ပါတယ်

3900 အောက်ကိုပါ ဆက် Break ဆင်းခဲ့ရင်တော့ 3820/3790 ထိစျေးအကျမြင်ရနိုင်ပါတယ်

4100-4110 Zone အထက် 4H စျေးပြန်ပိတ်နိုင်ပြီး Structure ပြန် Change နိုင်ခဲ့ရင်တော့ ရေတိုအတက်ပြန်သွားနိုင်ခြေရှိပါတယ်

ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4038-4056 Zone နှင့် 3945-3928 Zone တွေပဲဖြစ်ပါတယ်

ဒါကြောင့် 3945-3928 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 3930 အောက် HTF အရ Break ခဲ့ရင်တော့ 3890-3880 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်

အရောင်းတွက်ကတော့ 4038-4056 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4085-4100 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်

နေ့စဉ်စျေးကွက်သုံသပ်ချက် များသိရှိလိုပါက Join ထားနိုင်ပါတယ်
https://t.me/komyofxtrading

Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။

Telegram : https://t.me/KoMyo17

23/06/2026

Daily Analysis

ဒီနေ့ June လ 23 ရက်နေ့မှာ XAUUSD 1 Ounce ကို 4198 ကနေ 4148 ထိ မနက်ခင်းမှာ $50 ခန့်စျေးအကျရှိထားပြီး လက်ရှိ 4157 စျေးတန်းမှာရှိနေပါတယ်

မနေ့က တစ်နေ့လုံး စျေးကွက်ငြိမ်နေခဲ့တာကြောင့် Market အခြေအနေက အပြောင်းအလဲသိပ်မရှိတာကို တွေ့ရပါတယ်

4218-4235 Zone အထက်ကို Break Out မလုပ်နိုင်ခဲ့တာကြောင့် အကျပြန်လာခဲ့တာဖြစ်ပါတယ်

စျေးဆက်ကျဖို့အတွက်ဆိုရင် 4148-4136 Zone က်ိုဆက်ပြီး Break နိုင်ဖို့လိုပါတယ်

Break Out မလုပ်နိုင်ပါက 4195/4218-4235 Zone နဲ့ Sideway ပြန်သွားနိုင်ခြေရှိပါတယ်

စျေးအတက်တွက်က 4218-4235 Zone ကိုအထက်ကို Break Out လုပ်နိုင်ခဲ့ရင်တော့ 4263-4277 Zone ထိ စျေးအတက်ရှိနိုင်ပါတယ်

ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4148-4136 Zone နှင့် 4215-4235 Zone တွေပဲဖြစ်ပါတယ်

ဒါကြောင့် 4148-4136 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 4145 အောက် HTF အရ Break ခဲ့ရင်တော့ 4110-4090 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်

အရောင်းတွက်ကတော့ 4215-4235 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4270-4280 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်

နေ့စဉ်စျေးကွက်သုံသပ်ချက် များသိရှိလိုပါက Join ထားနိုင်ပါတယ်
https://t.me/komyofxtrading

Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။

Telegram : https://t.me/KoMyo17

23/06/2026

မဖြစ်မ​နေသိရမယ့် Market အ​ခြေအ​နေ​တွေဖြစ်ပါတယ် ✨️

22/06/2026

Daily Analysis 📊

ဒီနေ့ June လ 22 ရက်နေ့မှာ XAUUSD 1 Ounce ကို 4136 ကနေ 4220 ထိ မနက်ခင်းမှာ $84 ခန့်စျေးအတက်ရှိထားပြီး လက်ရှိ 4200 စျေးတန်းမှာရှိနေပါတယ်

လက်ရှိ Market က ပြီးခဲ့တဲ့တစ်ပတ် Analysis တွေမှာ အဝယ်ကိုင်ဖို့ပြောပြေပေးခဲ့တဲ့ 4130-4100 FVG ကနေပြီးတော့ 4220 ထိစျေးအတက်ပြန်လာထားတာကို တွေ့ရပါတယ်

အနီးစပ်ဆုံး 4218-4135 Zone ကိုဆက်ပြီး Break Out လုပ်နိုင်ခဲ့ရင်တော့ 4263-4277 Zone ထိ စျေးအတက်ရှိနိုင်ပါတယ်

Break Out မလုပ်နိုင်သေးပါက 4180/4148-4136 Zone ထိစျေးအကျပြန်ရှိနိုင်ပါတယ်

ဒီနေ့မှာတော့ စျေးအကျပြန်လာပါက 4148-4136 Zone နှင့် 4110-4090 Zone ကို စောင့်ကြည့်ရပါမယ်

ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4148-4136 Zone နှင့် 4235-4250 Zone တွေပဲဖြစ်ပါတယ်

ဒါကြောင့် 4148-4136 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 4145 အောက် HTF အရ Break ခဲ့ရင်တော့ 4110-4090 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်

အရောင်းတွက်ကတော့ 4235-4250 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4270-480 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်

နေ့စဉ်စျေးကွက်သုံသပ်ချက် များသိရှိလိုပါက Join ထားနိုင်ပါတယ်
https://t.me/komyofxtrading

Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။

Telegram : https://t.me/KoMyo17

18/06/2026

ကျွမ်းကျင်ရာ၊ လိမ္မာရာ တခုနဲ့အတူ .. ကိုယ်လက်ရှိ​ရောက်​နေတဲ့ Stage ??

✅️ The Trading Map Telegram Channel
https://t.me/thetradingmap_yt

✅️ The Trading Map You Tube Channel
https://www.youtube.com/

✅️ The Trading Map Tik Tok Account
tiktok.com/

16/06/2026

📌 Trading မှာ .. "သတ္တိရှိတာ" က ဘယ်​လောက်အထိ အ​ရေးပါသလဲ ?
📌 "သတ္တိရှိတာ" ရဲ့ ​နောက်ဆက်တွဲဆိုးကျိုး​တွေက​ရော ဘာ​တွေဖြစ်မလဲ ?
📌 ဒီအရာ​တွေကို ဘယ်လိုစီမံရမလဲ ?

◾️ ဒီ Topic ​တွေဟာ .. Trader တ​ယောက်အတွက် .. မသိလို့ မဖြစ်တဲ့၊ အ​ရေးပါတဲ့ အ​ကြောင်းအရာ​တွေလို့ .. ကျွန်မခံယူထားတာဖြစ်လို့ .. မိတ်​ဆွေတို့အတွက် .. မျှ​ဝေ​သုံးသပ်ပေးချင်ပါတယ်ရှင်။

◾️ ဒါဆို ပထမဆုံးအ​နေနဲ့ .. "သတ္တိရှိခြင်း (Courage/Bravery) " .. ဆိုတာဘာလဲ ? ဆိုတဲ့ .. အဓိပ္ပါယ်ကို .. ကျွန်မတို့ ​.. လေး​လေးနက်နက် နားလည် သ​ဘော​ပေါက်ဖို့ .. ​စဥ်းစားကြည့်ရ​အောင်ပါ။

◾️ ကျွန်မအ​နေနဲ့ သုံးသပ်မိတာက​တော့ .. Trading မှာ "သတ္တိရှိခြင်း" ဆိုတာ .. တကယ်တော့ .. ဒင်္ဂါးပြားတစ်ခုရဲ့ .. "ခေါင်း နဲ့ ပန်း" လိုပါပဲ။

နေရာမှန်ရင် .. အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာ ဆိုပေမဲ့ .. နေရာလွဲရင်တော့ .. Account တစ်ခုလုံး ကုန်သွားစေနိုင်တဲ့ .. အန္တရာယ်ရှိပါတယ်။

​◾️ ဒါကို .. ကျွန်မတို့​တွေ အပိုင်း ၃ ပိုင်းခွဲပြီး .. သေချာဆန်းစစ်ကြည့်ရအောင်။

​📌📌 ၁။ Trading မှာ သတ္တိရှိဖို့ ဘယ်လောက်အထိ အရေးပါလဲ။

Trading လောကမှာ .. သတ္တိမရှိရင် ဘာမှလုပ်လို့မရပါဘူး။ အဓိကအားဖြင့် .. အောက်ပါနေရာတွေမှာ .. ကျွန်မတို့ သတ္တိရှိဖို့ လိုအပ်ပါတယ်။

​◾️ ခလုတ်နှိပ်ရဲခြင်း - Analysis တွေ ဘယ်လောက်ပဲ ကောင်း​နေပါ​စေ၊ အရှုံးကို ကြောက်နေလို့ .. Trade တစ်ခုကို ဝင်နှိပ်ဖို့ .. ​ကြောက်​နေတဲ့အခါ .. Risk ယူပြီး.. Order ခလုတ်ကို နှိပ်ရဲဖို့ သတ္တိလိုအပ်ပါတယ်။

◾️ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း - ဆက်တိုက်ဆုံးရှုံးခြင်း​တွေနဲ့ .. ကြုံနေရတဲ့ အချိန်မှာတောင် .. ကိုယ့်ရဲ့ Trading Strategy ကို .. ဆက်လက်ကိုင်စွဲပြီး .. လမ်းကြောင်းမှန်ပေါ် ဆက်လျှောက်ရဲဖို့ .. သတ္တိရှိရပါမယ်။

​◾️ အရှုံးကို လက်ခံရဲခြင်း - ကိုယ်မှားသွားပြီဆိုတာကို .. သိသိချင်းမှာ .. Stop Loss မထိခင်ပဲဖြစ်ဖြစ်၊ ထိသွားရင်ပဲဖြစ်ဖြစ် .. အရှုံးကို .. အရှိကိုအရှိအတိုင်း .. လက်ခံရဲတာဟာလည်း .. သတ္တိတစ်မျိုးပါပဲ။

◾️ အမြတ်ကို လက်ခံရဲခြင်း - Setups ​တွေက​နေ .. Take Profit ဘယ်​လောက်အထိ .. ယူသင့်လဲဆိုတာကို .. ​ဖော်ပြ​နေ​ပေမယ့်လဲ .. ကိုယ်ထားထားတဲ့ Target အထိ .. မ​စောင့်ရဲဘဲ .. ရသ​​လောက် အမြတ်နဲ့ပဲ .. Order ကို ပိတ်ပစ်လိုက်ချင်စိတ် ဝင်လာ​နေသည့်တိုင်​အောင် .. Target အထိ ​Order ကို .. ကိုင်ထားရဲတာဟာလည်း .. သတ္တိရှိခြင်းပါပဲ။

အခု​ဖော်ပြ​ပေးတဲ့ .. ကိစ္စရပ်​တွေမှာ .. သတ္တိနည်းသူ​တွေဟာ .. ကျရှုံး​လေ့ရှိပါတယ်။ လူတိုင်း မ​အောင်မြင်ပါဘူး။ ဒါဟာ .. သတ္တိရှိသူ​တွေရဲ့ အားသာချက်​တွေပါ။

​📌📌 ၂။ "သတ္တိရှိခြင်း" ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ။

​သတ္တိရှိတာ ကောင်းပေမဲ့ .. အဲဒီသတ္တိက "အသိဉာဏ်နဲ့ စည်းကမ်း " မပါတဲ့ .. "မိုက်ရူးရဲဆန်မှု" ဖြစ်သွားရင်တော့ အောက်ပါဆိုးကျိုးတွေကို .. ကျွန်မတို့ ကြုံ​တွေ့ရပါလိမ့်မယ်။

​◾️ အလွန်အကျွံ Trade လုပ်ခြင်း (Overtrading) -
"ငါအရှုံးမပေးဘူး၊ ငါနိုင်အောင် ပြန်လုပ်မယ်" ဆိုတဲ့ .. သတ္တိအမှားကြောင့် .. ဈေးကွက်ကို ပြန်ကလဲ့စားချေချင်စိတ် (Revenge Trading) ဖြစ်ပေါ်စေပြီး .. ဒီစိတ်​ကြောင့် .. Account ထဲက ​ငွေ​တွေ .. ကုန်သွားတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

​◾️ Risk အလွန်အကျွံ ယူခြင်း -
"ဒီတစ်ခါတော့ သေချာတယ်၊ သတ္တိရှိရှိနဲ့ .. ငါ .. အကြီးကြီး Trade ပစ်မယ်" ဆိုပြီး .. ကိုယ့် Account က .. ​ကြာရှည် ခံနိုင်ရည်မရှိတဲ့ .. Lot Size အကြီးကြီးတွေကို .. သုံးမိတတ်ပါတယ်။ ဒါဟာ Trading မဟုတ်ဘဲ .. လောင်းကစားဆန်သွားပါပြီ။

​◾️ Stop Loss ကို ရွှေ့ခြင်း (သို့မဟုတ်) မသုံးခြင်း -
"ဈေးက ပြန်တက်လာမှာပါ/ ပြန်ကျလာမှာပါ၊ ငါ့အမြင်ကို ငါယုံတယ်" ဆိုတဲ့ .. သတ္တိအမှားနဲ့ .. SL ကို ​ရွှေ့ပစ်ပစ်တာ .. ဒါမှမဟုတ် .. SL မသုံးဘဲ ပစ်ထားလိုက်တာမျိုး​တွေကြောင့် .. Account တစ်ခုလုံး အဆုံးသတ်သွားတာမျိုး .. ဒါမှမဟုတ် .. ​ငွေ (Equity) ​တွေ ထပ်ထပ်ဖြည့်ရင်း .. ဖြည့်လို့​တောင် မတတ်နိုင်​တော့တဲ့အထိ .. ဖြစ်တတ်ပါတယ်။

​⚠️ ကျွန်မတို့ သတိပြုဖို့က .. မိတ်​ဆွေတို့ အမြဲတမ်းမှတ်ထား​ပေးပါ။

◾️ "Trading မှာ .. "သတ္တိရှိခြင်း" နဲ့ "မိုက်ရူးရဲဆန်ခြင်း" ကြားက .. စည်းက .. သေးသေးလေးဘဲ ခြားပါတယ်။

◾️ "စည်းကမ်း" မပါတဲ့ .. သတ္တိဟာ .. မိုက်ရူးရဲဆန်ခြင်းပါဘဲ။

ဟုတ်ပြီ .. ဒါဆိုရင် ​.. တတိယအပိုင်းကို .. ထပ်​​လေ့လာကြည့်ရ​အောင်။

​📌📌 ၃။ ဒါတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ။

​သတ္တိကို .. ဘေးဥပါဒ်မဖြစ်စေဘဲ .. အကျိုးရှိရှိ အသုံးချနိုင်ဖို့ဆိုရင် .. ကျွန်မတို့​တွေဟာ .. အောက်​ဖော်ပြပါအတိုင်း စီမံရပါမယ်။

​◾️ Risk Management ကို .. အဓိက အာရုံစိုက်ထားပါ။

​ကျွန်မတို့မှာ .. ဘယ်လောက်ပဲ သတ္တိရှိရှိ .. Trade တစ်ခုကို ဝင်မယ်ဆိုရင် .. ကျွန်မတို့ Account ရဲ့ .. (-)% ထက် ပိုပြီးအရှုံးမခံတာမျိုးဟာ .. ဆုံးရှုံးမှုကို ကန့်သတ်ထားပြီးသားဖြစ်လို့ .. သတ္တိရှိရှိနဲ့ Trade ကို ဝင်ရဲသွားသလို၊ မှားသွားရင်လည်း Account ကို မထိခိုက်တော့ပါဘူး။

◾️ ခံစားချက်​တွေ မပါစေနဲ့။

ကျွန်မတို့ရဲ့ Trading Plan မှာ .. ဘယ်အချိန်ဝင်မယ်၊ ဘယ်အချိန်ထွက်မယ် .. ဆိုတာကို သေချာသတ်မှတ်ထားပါ။ တတ်နိုင်သ​လောက် .. ခံစားချက်​နောက်ကို မလိုက်ဘဲ .. Plan အတိုင်းပဲ လုပ်ဆောင်ပါ။ ဒါဆိုရင် .. လိုအပ်တာထက် ပိုတဲ့ .. "သတ္တိအမှား" တွေ .. ဝင်မလာနိုင်တော့ပါဘူး။

​ဒီစာကိုဖတ်ပြီး​တော့ .. "ပြော​တော့သာလွယ်တာ .. လုပ်ရတာခက်တယ်" လို့ .. မိတ်ဆွေစိတ်ထဲ​က တွေး​နေပါသလား။ ဒါဆိုရင် .. ကျွန်မထပ်ပြီး ​သတိ​ပေးချင်တာက​တော့ .. ဒီလို​တွေး​နေသမျှ .. မိတ်​ဆွေ Trading မှာ .. ဆက်ရှုံး​နေအုံးမှာပါဘဲ။

ကျွန်မ Client ​တွေကို .. ကျွန်မ အမြဲ​ထောက်ပြ​လေ့ရှိပါတယ် .. Plan မရှိတဲ့ အလုပ်ဟာ .. Fail ပါတယ်။ Plan ထက် .. စိတ်ခံစားချက်ကိုပိုပြီး ဦးစား​ပေး​နေသမျှ .. ကျွန်မတို့ ဆက်တိုက် .. ရှုံးပဲ ရှုံး​နေပါလိမ့်မယ်။

​◾️ သတ္တိရဲ့ အဓိပ္ပာယ်ကို ပြောင်းလဲသတ်မှတ်ပါ။

​Trading မှာ သတ္တိရှိတယ်ဆိုတာ .. Risk အကြီးကြီးယူတာကို .. မဆိုလိုပါဘူး။

တကယ်သတ္တိရှိတာဟာ .. ကိုယ်ရှုံးနေတာကို လက်ခံရဲတာ၊ ဈေးကွက်က ကိုယ်မသိတဲ့လမ်းကြောင်းကိုသွားနေရင် Trade မလုပ်ဘဲ လက်ပိုက်ကြည့်နေရဲတာ၊ ပြီးတော့ .. ကိုယ့်ရဲ့ စည်းကမ်းကို တသွေမတိမ်း လိုက်နာရဲတာဘဲ .. ဖြစ်ပါတယ်။

​📌 အနှစ်ချုပ်ရရင်တော့ .. Trading မှာ .. "သတ္တိဆိုတာ .. ကားတစ်စီးရဲ့ အရှိန်မြှင့်စက်" ဆိုရင် .. " Risk Management နဲ့ စည်းကမ်းဟာ .. ကားတစီးရဲ့ ဘရိတ်" ပါဘဲ။

ဒါကြောင့် .. မိတ်​ဆွေတို့ရဲ့ သတ္တိကို .. စည်းကမ်းနဲ့ ထိန်းကျောင်းပြီး မောင်းနှင်ဖို့ .. ကျွန်မအ​နေနဲ့ တိုက်တွန်းအကြံပြုချင်တာ​ကြောင့် .. ဒီ Content ကို မျှ​ဝေ​ရေးသား​ပေးခြင်း ဖြစ်ပါတယ်ရှင်။

Yu Thet
(16.6.2026 , 3:20 p.m - MMT)

မိတ်​ဆွေတို့က .. Trading မှာ .. သတ္တိကို စည်းကမ်းနဲ့ ယှဥ်တွဲပြီး .. ကျွန်မနဲ့အတူ တိုင်ပင်​ဆွေး​နွေးရင်း Trade ချင်တာ (သို့မဟုတ်) ..လိုအပ်​​နေတာ​တွေ ရှိ​သေးတယ်လို့ ခံစားရလို့ .. ကျွန်မဆီမှာ Class ​တွေတက်ပြီး ​သေချာပြန်​လေ့လာချင်တာ ဆိုရင် .. Telegram မှ တဆင့် .. လာ​ရောက်​တိုင်ပင်မေးမြန်နိုင်ပါတယ်ရှင်။

Telegram - https://t.me/yuthet_ytc

15/06/2026

ဒီနေ့ June လ 15 ရက်နေ့မှာ XAUUSD 1 Ounce ကို 4268 ကနေ 4308 ထိ မနက်ခင်းမှာ $40 ခန့်စျေးအတက်ရှိထားပြီး လက်ရှိ 4304 စျေးတန်းမှာရှိနေပါတယ်

လက်ရှိ Market မှာ Trump & Iran တို့ Deal လုပ်တဲ့ သတင်းအခြေအနေကြောင့် နံနက်ခင်းမှာ Gap ဟပြီး အတက်နဲ့ စျေးဖွင့်ထားတာကို တွေ့ရပါတယ်

စျေးဆက်တက်ပါက 4325-4363 Zone ထိ အတက်ရှိနိုင်ပြီး ၊ ဒီ Zone က်ို Break Out ဖြစ်နိုင်မလား စောင့်ကြည့်ရပါမယ်

Break Out မလုပ်နိုင်သေးပါက 4285/4245-4230 Zone ထိ စျေးအကျပြန်ရှိနိုင်ပါတယ်

ဒီ Zone အထက်ကို Break ခဲ့ရင်တော့ 4400/4420-4440 Zone ထိ စျေးအတက် ဆက်ရှိနိုင်ပါတယ်

ဒီတစ်ပတ်တွက် Swing အရ 4130-4100 FVG ထိအကျပြန်လာခဲ့မယ်ဆိုရင်တော့ Confirm စောင့်ပြီးရေရှည်အတွက် အဝယ်ပြန်ကိုင်ဖို့ စဉ်းစားနိုင်ပါတယ်

ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4330-4360 Zone နှင့် 4245-4230 Zone တွေပဲဖြစ်ပါတယ်

ဒါကြောင့် 4245-4230 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 4230 အောက် HTF အရ Break ခဲ့ရင်တော့ 4175-4260 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်

အရောင်းတွက်ကတော့ 4330-4360 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4420-4440 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်

နေ့စဉ်စျေးကွက်သုံသပ်ချက် များသိရှိလိုပါက Join ထားနိုင်ပါတယ်
https://t.me/komyofxtrading

Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။

Telegram : https://t.me/KoMyo17

Want your business to be the top-listed Accountant in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon