Thet Naing Soe-Financial Advisor

Thet Naing Soe-Financial Advisor

Share

အာမခံနဲ့ပတ်သက်ပြီး သိလိုသမျှ မေးမြန်းနိုင်ပါသည် ☎️ 09950271655

10/04/2026

ပြင်းထန်ရောဂါနဲ့ကြုံတွေ့လာတဲ့အခါ တစ်လုံးတည်းပေးငွေ အကျိုးခံစားခွင့်က ဘာကြောင့်အရေးကြီးလဲဆိုတာ စဥ်းစားဖူးပါသလား။

ပြင်းထန်ရောဂါဖြစ်လာတဲ့အခါမှာ များပြားလှတဲ့ ဆေးကုသမှုကုန်ကျစရိတ်တွေအပြင် နေ့စဉ်အသုံးစရိတ်တွေကြောင့် အချိန်တိုအတွင်း ဝင်ငွေဆုံးရှုံးမှုဖြစ်လာနိုင်ပြီး အထူးသဖြင့် အချိန်ကြာမြင့်စွာ အလုပ်မလုပ်နိုင်တဲ့အခါ ငွေကြေးဆိုင်ရာ စိတ်ဖိစီးမှုတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်လုံးတည်းပေးငွေရရှိခြင်းက များစွာအထောက်အကူဖြစ်စေပါတယ်။

AIA Critical Illness Care နဲ့သာဆိုရင် အကာအကွယ်ပေးထားတဲ့ ပြင်းထန်ရောဂါတစ်မျိုးမျိုးဖြစ်လာတဲ့အခါ တစ်လုံးတည်းပေးငွေအကျိုးခံစားခွင့်ကို တိုက်ရိုက်ရရှိနိုင်တာကြောင့် ငွေကြေးဆိုင်ရာ စိတ်သက်သာမှုရှိစေပြီး ရေရှည်ဆေးကုသမှု ခံယူတဲ့အခါမှာပဲဖြစ်ဖြစ်၊ မိသားစုအနာဂတ်ကို ကြိုတင်ကာကွယ်တဲ့အခါမှာပဲဖြစ်ဖြစ် စိတ်ကြိုက် စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။

AIA Critical Illness Care နဲ့အတူ မခန့်မှန်းနိုင်တဲ့ ဘဝအလှည့်အပြောင်းတွေအတွက် အခုပဲ ကြိုတင်ပြင်ဆင်ထားလိုက်ပါ။ AIA Critical Illness Care အကြောင်း အသေးစိတ်သိရှိလိုပါက https://bit.ly/4oO5PiA မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

Have you ever wondered why a lump sum payout for critical illness matters?

When a critical illness is diagnosed, life can take an unexpected turn. Beyond medical treatment, daily living expenses and the potential loss of regular income can place significant financial strain on individuals. In such circumstances, a lump‑sum payout can provide vital support.

AIA Critical Illness Care provides a lump‑sum payout directly to you upon diagnosis of a covered critical illness. This allows greater flexibility in managing what matters most, whether it is immediate financial relief, long‑term treatment, safeguarding a family’s future, or addressing other priority needs.

When uncertainty arises, having the right protection can make a meaningful difference. Being prepared for life’s uncertainties starts with thoughtful planning through AIA Critical Illness Care.

Learn more about AIA Critical Illness Care here: https://bit.ly/4oJJliJ

18/01/2026

ဘဝရဲ့ အရေးကြီးတဲ့ အချိုးအကွေ့တိုင်းမှာ မမျှော်လင့်ထားတဲ့ အရာတွေကနေ စိတ်မပူပန်စေရဖို့ သင် ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ?

တကယ်တော့ ကျန်းမာရေး အခြေအနေဆိုတာမျိုးက မှန်းဆကြည့်လို့ မလွယ်ကူတာမို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်ပါတယ်။

မမျှော်လင့်ထားဘဲ ရုတ်တရက် ကင်ဆာရောဂါအပါအဝင် ပြင်းထန်ရောဂါတွေ ခံစားရတဲ့အခါ ငွေကြေးဆိုင်ရာပူပန်မှုတွေကနေ ကာကွယ်ပေးနိုင်မယ့် AIA Critical Illness Care အကြောင်း မိတ်ဆက်ပေးလိုပါတယ်။

AIA Critical Illness Care ဆိုတာက ကင်ဆာရောဂါအပါအဝင် ပြင်းထန်ရောဂါ (၃၉) မျိုးကို ကာကွယ်ပေးထားတဲ့အာမခံအမျိုးအစားဖြစ်ပြီး လိုအပ်တဲ့ငွေကြေးအကာအကွယ်ကို ရရှိနိုင်စေတာမို့ သင်နဲ့ သင်ချစ်ရသူများ စိတ်အေးချမ်းစေနိုင်မှာပါ။

AIA Critical Illness Care ပြင်းထန်ရောဂါကုသမှု အာမခံအကာအကွယ် ရယူဖို့အတွက် အသေးစိတ် သိရှိလိုပါက https://bit.ly/AIACriticalIllnessCareMM AIA Myanmar Website မှာ ဝင်ရောက် လေ့လာနိုင်သလို 24/7 အသင့်ရှိနေတဲ့ AIA SHER ရဲ့ Hotline +959 944 705 440 (သို့မဟုတ်) [email protected]ဆီ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

At every important turning point in life, what have you prepared for unexpected situations?

Health conditions can be difficult to predict, which is why it’s important to make preparations in advance.

We’d like to introduce AIA Critical Illness Care, an insurance plan that can protect you from financial burdens in case of sudden serious illnesses, including cancer.

AIA Critical Illness Care provides coverage for (39) critical illnesses, including cancer. It helps reduce worries and offers strong financial protection, giving peace of mind to you and your loved ones.
Crd

03/01/2026

မြန်မာနိုင်ငံမှာ ယုံကြည်မှုတွေကိုအခြေခံပြီး ပုံဖော်တည်ဆောက်ခဲ့တဲ့ AIA Myanmar ရဲ့ (၆) နှစ်တာခရီးစဉ်

AIA Myanmar က၂၀၁၉ ခုနှစ်ကစပြီး လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ကျန်းမာ၊သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေ ရရှိစေရေးဆိုတဲ့ ကတိကဝတ်နဲ့အတူ မြန်မာနိုင်ငံကို စတင်ခြေလှမ်း လှမ်းခဲ့ရာ ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးနဲ့ အာမခံအကာအကွယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ လက်တွဲဖော်ကောင်းအဖြစ် ရပ်တည်ခဲ့တာ အခုဆိုရင် (၆) နှစ်ပြည့်မှတ်တိုင်ကို ရောက်ရှိလို့လာခဲ့ပါပြီ။

အားလုံးအတွက် ယုံကြည်မှုတွေကို တည်ဆောက်ရင်း သင်နဲ့ သင်ချစ်ခင်ရတဲ့ မိသားစုတွေအတွက် ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချရမှု၊ စိတ်အေးချမ်းသာမှုတို့ကို ပေးနိုင်ခဲ့သလို၊ ကျန်းမာရေးအစီအစဥ်ကောင်းတွေ၊ လူမှုအကျိုးပြုအစီအစဥ်တွေကိုလည်း မိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

အခုလိုအောင်မြင်မှုမှတ်တိုင်ကို ရောက်ရှိလာတာက AIA Myanmar နဲ့အတူ လက်တွဲခဲ့ကြတဲ့ ဧရာဝတီဘဏ် အပါအဝင် မိတ်ဖက်လုပ်ငန်းများ၊ AIA Member များ၊ အတူတူကြိုးစားပေးခဲ့ကြတဲ့ ငွေကြေးအတိုင်ပင်ခံများနဲ့ ဝန်ထမ်းများရဲ့ အားသွန်ခွန်စိုက်ကူညီပံ့ပိုးပေးမှုတွေကြောင့်ဖြစ်ပြီး ဒီခရီးစဉ်မှာ အတူရှိပေးခဲ့တဲ့အတွက် AIA Myanmar က အထူး ကျေးဇူးတင်ရှိပါတယ်။

မြန်မာနိုင်ငံအတွက် ပိုမိုကျန်းမာလှပတဲ့အနာဂတ်ကို တည်ဆောက်ဖို့ အားလုံးစိတ်တူကိုယ်တူ ကြိုးစားဆောင်ရွက်ခဲ့ကြတာပါ။

အခုထက်ပိုမိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ အားလုံးအတွက် ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ရရှိပိုင်ဆိုင်နိုင်‌ရေးဆိုတဲ့ ကတိကဝတ်ကို နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရင်း မြန်မာနိုင်ငံနဲ့အတူ အစဉ်အမြဲအတူရှိနေဦးမှာပါ။

Celebrating 6 Years of Trust and Growth with Myanmar!

Since 2019, AIA Myanmar has driven our brand purpose of helping people live Healthier, Longer, Better Lives and now we proudly mark our incredible milestone of 6 years in Myanmar as the top trusted financial partner in insurance protection and health wellness.

We have built trust, delivered financial security, peace of mind and introduced purpose-led health wellness programmes that support local people to thrive better lives.

This milestone is made possible by the dedication of our talents, and the continued trust of our members, our valued partners including AYA Bank and dedicated financial advisors, all working together to create a healthier future for Myanmar.

In the years ahead, we will continue to stand alongside Myanmar, strengthening our commitment to help people live Healthier, Longer, Better Lives through better services for tomorrow.

27/12/2025

📌 သေခြင်းတရားဆိုတာ လူတိုင်းကြုံရမှာ
ဆိုပေမယ့်အဲ့ဒီ့ သေခြင်းတရားက အသံမပေးဘဲ
ရုတ်တရက် ဝင်ရောက်လာတဲ့အခါ
သင် ဘာတွေပြင်ဆင်ပြီးပြီလဲ.....❓

👉🏻ကိုယ့်တစ်ကိုယ်စာ ဘဝကူးကောင်းဖို့
ကုသိုလ်ကောင်းမှုတွေ အလျှံအပယ်လုပ်ပီးပြီလို့
ဖြေရင်တော့ သင်ဟာ မိသားစုကို မချစ်တဲ့သူ
အလွန် တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောရမှာ
ပါပဲ..

‼️တကယ်လို့ သင်သာ ရုတ်တရက် သေဆုံးသွားခဲ့
ရင် ကျန်ခဲ့တဲ့ ကိုယ့်ကိုမှီခိုနေတဲ့ မိသားစုအတွက်
ဘာတွေပြင်ဆင်ပြီးပြီလဲ.....?

ဆေးကုသစရိတ်မတတ်နိုင်လို့ တစ်လပဲ
အသက်ရှင်နေထိုင်ခွင့်ရေတာ့မယ့်အစား
ဆေးကုသစားရိတ်ကို ငဲ့စရာမလိုဘဲ
ကိုယ့်သက်တမ်းကိုယ် ဆွဲမဆန့်ချင်ဘူးလား.....❓

မိသားစုက ပိုက်ဆံကုန်လို့ ငြူစူပြီး
ဆေးကုသပေးတာနဲ့ရော
သင် အသက်ရှည်ချင်ပါ့မလား.....❓

ပိုင်ဆိုင်မှုလေးတွေကို မိသားစုအတွက်မချန်ဘဲ
ကိုယ့်ဆေးကုသစားရိတ်အတွက် သုံးသွားမလား.....❓

✅တကယ်တမ်း လက်တွေ့ကြုံရမှ
ဒါတွေအားလုံးဟာ ဘယ်လောက်
ကြောက်ဖို့ကောင်းတယ်ဆိုတာ
လက်ခံလာရလိမ့်မယ်....

ဒါတွေ အားလုံးပြေလည်ဖို့
မိတ်ဆွေ Insurance ဝယ်ပါ.....
ဝယ်ချင်တဲ့သူဆီက ဝယ်ပါ
ဒါပေမယ့် ဝယ်ဖြစ်အောင်ဝယ်ပါ......

အာမခံနဲ့ပတ်သက်လို့ တိုင်ပင်ဆွေးနွေးလိုလျှင်

Thet Naing Soe
Financial Services associate Manager
AIA Life Insurance Myanmar
☎️ 09-950271655 / 📞 09-790157490
📧Mail - [email protected]
💌Mail - [email protected]






26/12/2025

ကျနော် အမြဲ အားပါတယ်ဗျာ 😀

တစ်ချို့က အလုပ်ကိစ္စတွေ
ကျနော်မအားဘူးထင်ပြီး မမေးကြလို့ပါ…

အလုပ်ကိစ္စဆို ကျနော် ၂၄နာရီအချိန်ပြည့် ဆက်သွယ်လို့ရပါတယ် 😅

24/12/2025

📌 မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ
အသင့်ရှိနေမယ့် 'အာမခံ' တစ်ခု သင့်မှာရှိပြီလား?

🔯 ဘဝဆိုတာ ကြိုတင်တွက်ချက်လို့ မရတဲ့ ပုစ္ဆာ
တစ်ပုဒ်ပါ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ
ဘယ်သူမှ မသိနိုင်ပေမယ့်
ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအတွက်
"ကြိုတင်ပြင်ဆင်ထားလို့" တော့ ရပါတယ်။

✅ အာမခံ (Insurance) ဆိုတာ ပိုက်ဆံအလဟဿ
ဖြုန်းတီးတာမဟုတ်ဘဲ၊
တကယ်တမ်း လိုအပ်လာတဲ့အခါ သင့်မိသားစုနဲ့ သင့်ကို အသက်ရှူချောင်စေမယ့် "အရေးပေါ် ရန်ပုံငွေ" တစ်ခုပါ။

🤔 ဘာကြောင့် အခုပဲ အာမခံထားသင့်တာလဲ?

•ရုတ်တရက် ဆေးရုံတက်ရတဲ့အခါ ဆေးဖိုးဝါးခတွေအတွက် လက်ဖျားခြေဖျား အေးစရာမလိုတော့ဘူး။

• ကိုယ်မရှိတော့တဲ့နောက်မှာ ကျန်ရစ်သူ မိသားစုဝင်တွေ အခက်အခဲမရှိ ဆက်လက်ရပ်တည်နိုင်ဖို့ စိတ်ချရတယ်။

အာမခံဆိုတာ မလိုသေးခင်မှာ ဝယ်ထားရတာပါ။ တကယ်လိုလာတဲ့ အချိန်ကျမှ ဝယ်မယ်ဆိုရင်တော့ ဝယ်လို့မရတော့ပါဘူး။"

အနာဂတ်ကို ယုံကြည်မှုရှိရှိ ဖြတ်သန်းဖို့ အာမခံထားခြင်းက အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါ။

💡 ဘယ်လို အာမခံအမျိုးအစားက သင့်အတွက်
အသင့်တော်ဆုံးလဲဆိုတာ သိချင်ရင် Comment
မှာ မေးမြန်းနိုင်သလို၊ Messenger ကနေလည်း
အသေးစိတ် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

Thet Naing Soe
Financial Services Associate Manager
AIA Myanmar
☎️ 09950271655
#အာမခံ

Photos from AIA Myanmar's post 12/11/2025
08/11/2025

📌အာမခံ (Insurance) ထားမယ်ဆိုရင်
Financial Advisor (ငွေကြေးဆိုင်ရာအတိုင်ပင်ခံ)
ရွေးချယ်တတ်ဖို့အရေးကြီးပါတယ်
⸻ ⸻ ⸻ ⸻ ⸻

✅ တာဝန်ယူမှုရှိပြီး စကားမှန်ပြောတဲ့သူဖြစ်သင့်
ပါတယ်။
- အကျိုးအမြတ်အတွက်သာမဟုတ်ပဲ သင့်အတွက်
အကျိုးရှိအောင် ကြိုးစားသူဖြစ်ရပါမယ်။
- အဖိုးတန်ကိစ္စတွေမှာ လိမ်လည်မပြော၊ စာချုပ်ပါ
အချက်အလက်တွေကိုအမှန်ပြောပေးသူဖြစ်ရပါမယ်
(စာချုပ်မှာ မပါဝင်တဲ့အရာတွေကို သေချာရှင်းပြပေးတတ်သူ။)

👉 Financial Advisor တစ်ဦးက သင့်လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အာမခံအမျိုးအစားကို ရွေးချယ်နိုင်ဖို့ ကူညီပေးမှာပါ။

📝 အာမခံစာချုပ်မှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေ
လျော်ကြေးမရနိုင်တဲ့ ကိစ္စတွေအကျိုးခံစားခွင့်
တွေကို နားလည်အောင်ရှင်းပြပေးနိုင်မယ့်
Advisorမျိုးကသင့်အတွက် နောင်တစ်ချိန်မှာအခက်အခဲဖြစ်မသွားအောင်ကာကွယ်နိုင်ပါတယ်။


💥အနာဂတ်မှာ Claim တင်ရတဲ့အချိန် (ဆေးရုံတက်
ရောက်ဆေးကုသတာ၊ သေဆုံးတဲ့အချိန်စသဖြင့်) Advisor က အကူအညီပေးနိုင်မယ့်သူဖြစ်ပါတယ်။

👉 ကောင်းမွန်တဲ့ Advisor ဆိုရင် Claimလုပ်ငန်းစဉ် တွေကို စနစ်တကျ လမ်းညွှန်ကူညီပေးပါတယ်။


အာမခံက သက်တမ်းရှည်တဲ့ကိစ္စဖြစ်တဲ့အတွက် Advisor တစ်ဦးနဲ့ အမြဲဆက်သွယ်နေခြင်းဟာ
သက်တမ်းတစ်လျှောက်လုံး သင့်အတွက် အကျိုးရှိ နိုင်ပါတယ်။
(ဥပမာ – ဝင်ငွေပြောင်းလဲရင် Plan ပြောင်းပေး၊ Coverage တိုးပေး စသည်။)


📌အတွေ့အကြုံရှိပြီး ယုံကြည်စိတ်ချရတဲ့ Advisor
တစ်ဦးက သင့်လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အာမခံ
အမျိုးအစားကို အဖိုးတန်ဆုံးနည်းလမ်းနဲ့
သင့်အတွက် ရွေးချယ်ပေးနိုင်မှာပါ။

အာမခံနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းလိုပါက

Thet Naing Soe
Financial Advisor
AIA Life Insurance Myanmar
☎️ 09-950271655 / 📞 09-790157490
📧Mail - [email protected]
#အသက်အာမခံ #ကျန်းမာရေးအာမခံ

Want your business to be the top-listed Accountant in Myingyan?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No(19) Ward
Myingyan