19/07/2026
Revolving Fund Management Training for Community Groups (Batch 1) မှ စကားသံများ
▪️NGO အဖွဲ့အစည်းတစ်ခု၏ စီမံပေးမှုနဲ့ အတူ Community groups ၏ Representatives များအတွက် (၃)ရက်တာ Revolving fund management and Operation (Online) သင်တန်းကို Level Up မှ ပို့ချခဲ့ပါတယ်၊
▪️Day 1 မှာ Revolving fund ရဲ့ အခြေခံ concept တွေနဲ့အတူ အဖွဲ့တစ်ခုဖွဲ့စည်းမှုရဲ့ Governance Mechanism and strengthening process များ
▪️Day 2 မှာ Loan တစ်ခုရဲ့ အခြေခံကစလို့ Loan လည်ပတ်ပုံ ယန္တရား တစ်ခုလုံးနဲ့
▪️Day 3 မှာ Financial Management and Accounting concepts တွေကို
✔️ Theories များသာမက
✔️ လက်တွေ့ လေ့ကျင့်ရန် exercises များ
✔️ case scenarios လေ့လာခြင်းနှင့် ဖြေရှင်းနည်းများ
✔️ Group work discussion များနဲ့ ပြန်လည်ဆွေးနွေးခြင်းများ ပို့ချခဲ့ပါတယ်
တက်ကြွစွာပါဝင်ပေးသော Participants များ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ၊
တခြားသော NGO အဖွဲ့များလည်း Consultancy Services အပ်ချင်ပါက Level Up မှ Customized Training များပေးနေကြောင်း သတင်းကောင်းပါးပါရစေ 🤍🤍🤍
18/07/2026
RQF Level 2 - Scholarship ရရှိသူ အယောက် ၂၀ ကို
📌ပေးထားသော Phone Number များမှတစ်ဆင့် Viber ကနေ သော်လည်းကောင်း
📌 Email ကနေ တစ်ဆင့်သော်လည်းကောင်း
ထပ်မံဆက်သွယ်ပြီး အသေးစိတ် ထပ်မံပြောကြားထားပါတယ်၊
Training materials ပို့ဖို့ကိစ္စများသည် တိုင်းနဲ့ပြည်နယ် အစုံ အချိန်နဲ့ တစ်ပြေးညီဆောင်ရွက်ရတာဖြစ်လို့
⏰၂၂ရက်နေ့ နောက်ဆုံးထားပြီး ပြန်အကြောင်းပြန်ပေးရမှာဖြစ်ပါတယ်၊
Internet အခက်အခဲများကြောင့် ၂၂ရက်နေ့အတွင်း Form မဖြည့်ခဲ့လိုက်ရသည်ရှိသော်
☑️ ဆရာဦးရဲထွဋ်
☑️ 09798211723 (Viber, telegram and phone call)
☑️ [email protected]
ကို ဆက်သွယ်အကြောင်းကြားလာနိုင်ပါတယ်၊
ကြိုးစားရင် ACCA Part I အထိ Scholarship Opportunity နဲ့သေချာ Train ပေးမှာမို့ သေသေချာချာလေး လိုက်လုပ်စေချင်တာပါခင်ဗျ၊ ကျေးဇူးပါ၊
16/07/2026
🎉 Congratulations! Scholarship Award Winners🎉
ACCA Qualification Journey ကို စတင်ဖို့ အရေးကြီးတဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ ACCA RQF Level 2 (stage 1) ကို 30% Scholarship ရရှိသွားသော သူများအားလုံးကို အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ 🎓✨
ဒီ Scholarship ဟာ ACCA လမ်းကြောင်းကို စတင်လျှောက်လှမ်းမယ့် ကျောင်းသား/ကျောင်းသူများအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ပြီး၊ အောင်မြင်တဲ့ Accounting & Finance Professional တစ်ယောက်ဖြစ်လာဖို့ အစပြုတဲ့ အရေးပါတဲ့ ခြေလှမ်းလည်း ဖြစ်ပါတယ်။
🌟ရှေ့ဆက် ပညာရေးခရီးလမ်းမှာလည်း အဆင့်တိုင်းကို အောင်မြင်စွာ ဖြတ်သန်းနိုင်ဖို့ Level Up က Education partner အနေနဲ့ ရှိနေပေးမှာမို့ ဇွဲရှိရှိ ကြိုးစားကြရအောင် 🌟
ACCA RQF Level 2 + LCCI Level 1+2
Start Date - 1 August 2026
Time - 9:00AM - 12:00PM (Sat, Sun)
Duration - 2 Months
သင်တန်းတက်ရောက်ရန် အသေးစိတ်အချက်အလက်များအတွက် ဆက်သွယ်ခဲ့ပါမယ်
Your ACCA Journey Starts Here! 🚀 🎓✨
16/07/2026
Cohort 1 Scholarship Announcement 📣 ✨🎉
***********************************
ACCA Foundation (RQF level 2) - 30% Scholarship ရရှိသူ ကျောင်းသား၊သူ အယောက် (၂၀) ကို ဆက်သွယ်ထားပါတယ်၊
ပေးထားသော email/viber number များကို စစ်ပေးကြပါရန်နှင့် အသေးစိတ်ကို Level Up မှ ထပ်မံပြောကြားသွားပါမည်၊ 😇😇😇
15/07/2026
💥 ဒီနေ့ည Application Form ပိတ်ပါမယ်ခင်ဗျ 💥
ကြိုးကြိုးစားစားဖြေကြတဲ့ ကလေးအားလုံး ကျေးဇူးတင်ပါတယ်၊ စိတ်ဝင်တစားရှိတဲ့အတွက်ကော သေချာလေး အချိန်ပေးပြီး ရေးထားကြတာတွေအတွက်ကော၊
Personal Statement တွေဖတ်ကြည့်တာနဲ့ Commitment ပေးနိုင်မယ့်သူတွေကိုလည်း မြင်ရတော့ Level Up ဘက်က ပိုလို့ ဝမ်းမြောက်မိပါတယ်
🌟မနက်ဖြန် နဲ့ သန်ဘက်ခါ (16 - 17 July) မှာ 30% Scholarship ရရှိသူတွေကို ပေးထားတဲ့ email or phone number Viber ကနေ ဆက်သွယ်ခဲ့ပါမယ် 🌟
ဒီ Program ရဲ့ အသေးစိတ်ကို တစ်ခေါက်သေချာပြန်ဖတ်ပေးပါနော် ဒီမူရင်းပို့စ်မှာကော Original Pictures တွေမှာကော
မူရင်းPost
**********
https://www.facebook.com/share/p/19FMdSExoT/?mibextid=wwXIfr
ခုထိမလျှောက်ရသေးရင် မြန်မြန်လျှောက်ဖို့ တိုက်တွန်းပါတယ်၊
လျှောက်ထားရန်လင့် 👇🏻👇🏻👇🏻
https://docs.google.com/forms/d/e/1FAIpQLSeqJb81R_csG3qLdnSwr4ZOsu7IS5fxswi9gel6sUzqSGXFsA/viewform?pli=1
11/07/2026
ကလေးတွေက ကြိုးကြိုးစားစားလေး Personal Statement လေးတွေရေးကြတော့
ဒီဆရာလည်း ထိုက်ထိုက်တန်တန်လေး ဂုဏ်ပြုဖော်ပြချင်တာမို့ Design လေးတွေဆွဲပြီး 🍀🍀🍀🍀🍀
📌 15 ရက်နေ့ Deadline ပြီးတာနဲ့ ရွေးချယ်ခံရသူတွေကို Viber ကနေအကြောင်းကြားပေးသွားပါမယ်၊
📌 Quality learning ကိုပဲ အဓိကထားမှာမို့ Level Up က Cohort တစ်ခုမှာတော့ လူဦးရေ ကန့်သတ်ထားတာမို့
📌 ဒီ cohort မှာ အရွေးမခံရရင်လည်း စိတ်ဓာတ်မကျပဲ နောက် cohort တွေ ဆရာတို့ ဆက်လုပ်ဖို့ အစီအစဉ်ရှိပါတယ်😇၊
゚
08/07/2026
LCCI + ACCA Foundation and Part I ပညာသင်ဆု - 15 July Deadline
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
📌 မြန်မာလိုဖြင့်လည်း လျှောက်ထားနိုင်သည်၊
လျှောက်ထားရန် link 👇🏻
https://docs.google.com/forms/d/e/1FAIpQLSeqJb81R_csG3qLdnSwr4ZOsu7IS5fxswi9gel6sUzqSGXFsA/viewform?pli=1
🍀 Finance and Accounting နယ်ပယ်ထဲဝင်ချင်ရင် ဒီ Subjects တွေမှ မသင်ထားရင် ဝင်ဖို့လွယ်မှာ မဟုတ်ပါဘူး၊ LCCI ကော ACCA foundation plus ACCA Part I အထိ သင်ယူနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်၊
🔺 လူဦးရေ ကန့်သတ်ထားလို့ အမြန်ဆုံးလျှောက်ကြပါ၊
🔺 လိုအပ်ချက်ကတော့ အခြေခံ English စာ နားလည်ဖို့နဲ့ Commitment ရှိဖို့လိုအပ်ပါသည်၊
🍀 ဆရာဦးရဲထွဋ် (စာသင်သက် ၁၂နှစ်အပြင် NGO sector မှာ ၃နှစ်လုပ်သက်ရှိခဲ့ဖူးသော) ဆရာကိုယ်တိုင်သင်ကြားမှာဖြစ်တယ်၊
🍀 Level Up Mastery ဆိုတာကလည်း DICA registered company ဖြစ်တော့ သင်ကြားမှုအပိုင်းကော Validity အပိုင်းကော စိတ်ချနိုင်တာမို့ စိတ်ဝင်စားရင် လျှောက်ကြပါ
Detail Original Post 👇🏻👇🏻👇🏻
https://www.facebook.com/share/p/19FMdSExoT/?mibextid=wwXIfr
04/07/2026
ငွေကြေးနဲ့ တခြားသော အခက်အခဲတွေသည် ပညာရေးလက်လှမ်းမှီမှုကို အနှောင့်အယှက်မဖြစ်စေရဆိုတဲ့ Level Up ရဲ့ Local Scholarship Programme ရည်မှန်းချက်
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
📌 မြန်မာလိုဖြင့်လည်း လျှောက်ထားနိုင်တယ်၊
https://docs.google.com/forms/d/e/1FAIpQLSeqJb81R_csG3qLdnSwr4ZOsu7IS5fxswi9gel6sUzqSGXFsA/viewform?pli=1
📌 Online Classes များဖြစ်သည့်အတွက် ရပ်ဝေးမှ သူများ၊ ရုံးတက်ရင်း ကျောင်းတက်ရင်း ACCA foundation ကို စတင်လေ့လာလိုသူများအတွက် အထူးသင့်လျော်တယ်၊
📌 ပညာဒါနသင်တန်းမဟုတ်ပါ၊
📌 သို့သော် ACCA level မြင့်လာလေလေ ကုန်ကျစရိတ်များလာလေလေဖြစ်တဲ့အတွက် ကြိုးစားတဲ့ သူတွေကို Scholarship Percentage များများပေးနိုင်အောင် 30% ကနေ စပြီး 40% ပြီး 50% တိုးမြှင့်ပေးသွားမှာဖြစ်တယ်၊ Level Up က စစ်တဲ့ စာမေးပွဲမှာတော့ အမှတ် ၇၅% နဲ့ အထက်ရဖို့တော့လိုတယ်၊
📌 ကြိုးစားမှုနဲ့ ခိုင်မာသော commitment တော့ အထူးလိုအပ်တယ်၊ ACCA Part I အထိ ဆွဲခေါ်ပေးနိုင်ဖို့တော့ Level Up ဘက်က ရည်မှန်းထားတယ်၊
📌 ဒါကြောင့် ပညာရေးကို အပျော်သဘောအနေနဲ့ဆို ဝင်မလျှောက်သင့်ပါ၊ ကံစမ်းရုံဆို ဝင်မလျှောက်သင့်ပါ၊ Finance and Accounting sector ထဲ ဝင်ဖို့ မသေချာရင် မလျှောက်သင့်ပါ၊ ဘာလို့ဆို လူဦးရေ ကန့်သက်ထားပြီး အမှန်တကယ်ကြိုးစားတဲ့သူ အခြားတစ်ဦး အရွေးမခံလိုက်ရပဲ မနစ်နာစေလိုပါသဖြင့်၊
📌 စာသင်ကြားရေးနည်းစနစ်ကတော့ ကလေးလိုပဲ သင်မှာဖြစ်တဲ့အတွက် foundation level knowledge မရှိရင်တောင် လျှောက်လို့ရတယ်၊ တစ်ခုရှိတာက စာတွေကတော့ English လိုတွေပဲဖြစ်တဲ့အတွက် english ကိုတော့ အခြေခံနားလည်ဖို့လိုအပ်မယ်၊
📌 UK exam ဝင်ဖြေနိုင်အောင် Level Up မှသေချာ train ပေးမယ်၊ စာလိုက်လုပ်ဖို့ အထူးလိုအပ်တယ်၊
Local Scholarship Programme ပိုမိုနားလည်လွယ်အောင် Level Up မှ မြန်မာဘာသာဖြင့်လည်း တိတ်ကျကကျ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်၊
Deadline 15 July and Good luck with submission ပါ
🍀🍀🍀
01/07/2026
🥰 Scholarship Opportunity for ACCA 🥰
[Deadline 15 July Submission - မြန်မာဘာသာဖြင့် လျှောက်ထားနိုင်သည်]
https://docs.google.com/forms/d/e/1FAIpQLSeqJb81R_csG3qLdnSwr4ZOsu7IS5fxswi9gel6sUzqSGXFsA/viewform?pli=1
အားလုံးပဲ မင်္ဂလာပါ၊ Level Up မှ ကြိုဆိုပါတယ်။🍀
စာရင်းကိုင်ပညာရပ်ကို အခြေခံကနေစပြီး Professional Level တစ်ခုအထိ လေ့လာနိုင်မယ့် “Scholarship Programme” တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ
Online classes တွေဖြစ်တဲ့အတွက် နယ်မှကျောင်းသား၊ ကျောင်းသူများ၊ အလုပ်လုပ်ရင်း ပညာလေ့လာလိုသူများ၊ ရုံးချိန်လွတ် သင်တန်းတက်လိုသူများ၊ ခိုင်မာသော ပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုလိုသူများအတွက် အထူးသင့်လျော်သည်။
ဒီ scholarship ဟာ သင်ယူမှုခရီးကို စတင်လိုသော်လည်း ယခုအချိန်ထိ အခွင့်အလမ်းမရသေးသူများအတွက် ရည်ရွယ်ထားပါသည်။
အထူးသဖြင့် ပညာရေးနှင့် လက်လှမ်းမီရန် ခက်ခဲသောဒေသများမှ ကျောင်းသားများနှင့် အလုပ်လုပ်ကိုင်နေသူများအနေဖြင့် သင်ယူလိုစိတ်ရှိသော်လည်း ဘဝအခြေအနေများကြောင့် ငွေကြေးအခက်အခဲများ၊ ပညာရေးလက်လှမ်းမီမှုကန့်သတ်ချက်များနှင့် မည်သည့်နေရာမှ စတင်ရမည်ကို မသေချာခြင်းစတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရကြောင်း Level Up မှ နားလည်ပါသည်။
ကြိုးစားလိုစိတ်ရှိပြီး စဥ်ဆက်မပြတ်သင်ယူလိူသူများအတွက် အခွင့်အလမ်းနှင့် နေရာအမြဲရှိပါသည်။ဤသည်မှာ ဤ scholarship အစီအစဉ်၏ အဓိက ရည်ရွယ်ချက်ဖြစ်ပြီး
🤩 ကျောင်းသား/သူများရဲ့ Commitment နှင့် ကြိုးစားအားထုတ်မှု ပိုမိုမြင့်မားလေ၊ ရရှိနိုင်သော scholarship ရာခိုင်နှုန်းလည်း ပိုမိုမြင့်မားလာမည်ဖြစ်ပါသည်။🤩
ဒီ scholarship အစီအစဉ်ဟာ
✨ LCCI Level 1+2 နှင့် ACCA Foundation (RQF Level 2) မှ စတင်၍
✨ RQF Level 3 သို့ တက်ရောက်ပြီးနောက်
✨ ACCA Part 1 (RQF Level 4)အထိ
ဆက်လက်သင်ယူနိုင်မည်ဖြစ်ပြီး
⏰ အချိန်ကာလအားဖြင့် Programme အစအဆုံး ၁နှစ် ကြာမြင့်မည်ဖြစ်သည်။
လျှောက်လွှာများကို မြန်မာဘာသာဖြင့် Google Form တွင်ဖြည့်စွက်လျှောက်ထားရမည်ဖြစ်သည်။
Google Form ကို
✨ပုံတွင်ပေးထားသော QR code ကို scan ဖတ်၍သော်လည်းကောင်း၊
✨Comment Box တွင် ပေးထားသော link ကို နှိပ်၍သော်လည်းကောင်း
ဖြည့်စွက်နိုင်ပါသည်။
အသေးစိတ်အချက်အလက်များကို ဖော်ပြလိုက်ပါတယ်။
**********************
Scholarship Cohort 1 (Full Online class)
Stage 1
LCCI Level 1+2 and ACCA (RQF Level 2)
Start Date - 1 August 2026
Time - Sat-Sun (9:00AM - 12:00PM)
Duration - 2 months
Stage 2
ACCA (RQF Level 3) FA2 + MA2
Start Date - 3 October 2026
Time - FA2 -Sat-Sun (8:00AM - 10:00AM)
Time - MA2 - Sat-Sun (10:30AM - 1:30PM)
Duration - 3 months
Stage 3
ACCA Part I (RQF Level 4) FA+MA+BT
Start Date - 16 January 2027
Time - FA2 -Sat-Sun (8:00AM - 10:0AM)
Time - MA2 - Sat-Sun (10:30AM - 1:30PM)
Time - BT - Sat-Sun (7:00PM - 9:00PM)
Duration - Maximum 7 months
အကြောင်းအရာအသေးစိတ်များ
ပိုမိုသိရှိလိုပါက page Messenger တွင် မေးမြန်းနိုင်ပါသည်။