Daw May Thin Khaing

Daw May Thin Khaing

Share

‌စိတ်အအေးချမ်းဆုံးလေးနဲ့နေထိုင်ချင်တယ်

15/06/2024

တခါတုန်းက လူတစ်ယောက်ဟာ
မျက်မမြင် သူငယ်ချင်းတစ်ယောက်ကို
ထမင်းဖိတ်ကျွေးတယ်။

ထမင်းစားရင်း အချိန်က
တော်တော်လေးနောက်ကျသွားပြီး
မိုးချုပ်သွားတယ်။

မျက်မမြင်သူငယ်ချင်းက
မိုးအရမ်းချုပ်နေပြီ
ပြန်တော့မယ်လို့ပြောတယ်။

ဒါနဲ့အ်ိမ်ရှင်က သူ့ကို
မီးအိမ်တစ်ခုပေးလိုက်တယ်။
မျက်မမြင် သူငယ်ချင်းက
ဒေါသအရမ်းထွက်သွားပြီးပြောတယ်။

"ကျွန်တော်ဟာ
မျက်မမြင်တစ်ယောက်လို့ သိနေပါရဲ့
ကျွန်တော့်ကို မီးအိမ်တစ်ခုပေးတာ
ကျွန်တော့်ကို လှောင်နေတာလား?"

အိမ်ရှင်က ပြန်ပြောတယ်...

"ကျွန်တော် သင့်ကို အလေးထားလို့
မီးအိမ်ပေးတာပါ... သင်ကမမြင်ရပေမဲ့
တခြားသူက မြင်ရတယ်လေ...
ဒါကြောင့် ညအမှောင်ထဲမှာ
တခြားလူက သင့်ကို
မတိုက်မိနိုင်တော့ဘူးပေါ့..."

မျက်မမြင်သူငယ်ချင်း
သဘောပေါက်နားလည်သွားပါတယ်။

နားလည်သဘောပေါက်တာချင်းမတူရင်
နောက်ဆုံးရလဒ်က မတူကြပါဘူး။
ကျွန်တော်တို့ နေရာချင်းလဲပြီး
စဉ်းစားပေးဖို့ လိုပါတယ်။

ဘယ်ကိစ္စမဆို
မတူတဲ့ရှုထောင့်ကနေကြည့်ရင်
မတူတဲ့အမြင်ရှိကြပါတယ်။

သင့်မှာ သမီးတစ်ယောက်ရှိရင်
သားရှင်ဘက်က များများတင်တောင်းဖို့
သင်မျှော်လင့်လိမ့်မယ်။
သင့်မှာ သားတစ်ယောက်ရှိရင်
သမီးရှင်ဘက်က များများမတောင်းဖို့
မျှော်လင့်လိမ့်မယ်။

သင့်မှာ ချွေးမတစ်ယောက်ရှိရင်
သူအိမ်မှုကိစ္စတွေများတယ်၊
နားလည်မှုမရှိဘူးလို့ ပြစ်တင်မိလိမ့်မယ်။
သင့်မှာ သမီးတစ်ယောက်ရှိရင်
သူ့ယောက္ခမအိမ်ကို
လွှမ်းမိုးနိုင်သူ ဖြစ်စေချင်တယ်။

သင်လမ်းလျှောက်တဲ့ အချိန်
ကားမောင်းသူတွေကို အမြင်ကပ်တယ်။
သင်ကားမောင်းချိန်
လမ်းလျှောက်သူတွေကို ကြည့်မရဘူး။

သင်အလုပ်သမားဖြစ်နေရင်
သင်ရဲ့သူဌေးက ကပ်စေးနည်း
အာဏာပြလွန်းတယ်လို့ ယူဆတယ်။
သင်သူဌေးဖြစ်တဲ့အချိန်
သင့်အလုပ်သမားတွေက
ခိုကပ်တယ် တာဝန်ယူချင်စိတ်
မရှိဘူးလို့ ယူဆတယ်။

သင်ဝယ်ယူသူ ဖြစ်တဲ့အချိန်
စျေးရောင်းသူက အမြတ်ကြီးစားလွန်းတယ်လို့
သတ်မှတ်တယ်။
သင်စျေးရောင်းသူဖြစ်တဲ့အချိန်
ဝယ်ယူသူက စျေးဆစ်တတ်လွန်းတယ်လို့
သတ်မှတ်တယ်။

အမြဲတမ်း ကိုယ့်နေရာကနေဘဲ မကြည့်ဘဲ
တခြားသူဘက်ကနေလဲ ကြည့်ပေးပါ။
နေရာလဲပြီး တစ်ပါးသူအတွက်လဲ
စဉ်းစားပေးဖို့လိုပါတယ်။

တခြားသူရဲ့ ဒုက္ခကို နားလည်ပေးနိုင်တာ
ဂရုစိုက်မှုတစ်မျိုးပါ။
တခြားသူရဲ့အခက်အခဲကိုနားလည်ပေးနိုင်တာ
ကြင်နာခြင်းတစ်မျိုးပါ။
တခြားသူရဲ့ အမှားကို ခွင့်လွတ်ပေးတတ်တာဟာ
သဘာထားကြီးခြင်း တစ်မျိုးပါ။
...............
သူ့နေရာမှာ ငါသာဆိုရင် လို့ တွေးမိတတ်ကြပါစေ....

Credit - original

Photos from Daw May Thin Khaing's post 08/06/2024

ဘဝကိုပြောင်းလဲချင်ရင်
စွန့်လွတ်ရဲရမယ်
အရာရာကိုစွန့်လွတ်စရာမလိုပါဘူး
ကိုယ့်ရဲ့ ပျော်ရွှင်မှုအတွက် အပျော်အပါးတွေကို စွန့်လွတ်နိုင်ရင်ရပြီ

ချမ်းသာချင်ရင်
ပေးဆပ်နိုင်ရမယ်
အများကြီး ပေးဆပ်စရာမလိုပါဘူး
ကိုယ်ပိုင်တဲ့ ကိုယ့်ရဲ့ အချိန်တွေကို ကောင်းစွာအသုံးချပြီးပေးဆပ်နိုင်ရင်ရပြီ

သူများထက်တော်ချင်ရင်
သည်းခံနိုင်ရမယ်
အများကြီး သည်းခံစရာမလိုပါဘူး
မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေဝေဖန်ခံရတဲ့အခါ
ဒေါသနဲ့ ချက်ချင်းမတုန့်ပြန်ပဲအပြုံးနဲ့ရှေ့ဆက်နိုင်ရင်ရပြီ

အမြဲဂရုစိုက်ပေးနေတဲ့/
Lady Moh
Credit မူရင်းရေးသားသူအားလေးစားလျှက် mtk
Photo 🥰အကြံကောင်းများဒါနပြုခြင်း

07/06/2024

ကိုဖြိုးဆိုတဲ့ အမျိုးသားတစ်ယောက်

စီးပွားရေး စလုပ်ရန်ကြံသည်..

အဖေ့ဆီက သိန်း 30 ချေးပြီး စာအုပ်ဆိုင်ဖွင့်သည်

သိန်း 30 ဖိုး စာအုပ်များများဝယ်ကာ
အမြတ်နည်းနည်းဖြင့်သာ တင်ရောင်းသည်

အမြတ်နည်းနည်းပဲ တင်ထားတာမလို့
စာအုပ်ဆိုင်မှာ အရမ်းရောင်းကောင်းသည်

မကြာမီပင် ဆိုင်ရှိစာအုပ်များအားလုံးကုန်သွားသည်..
လက်ထဲတွင် အရင်း+အမြတ် 35 သိန်းကျန်သည်

ကိုဖြိုးတစ်ယောက် အမြတ်အစွန်းလဲရ
လူတွေကိုလဲ ကူညီနိုင်သဖြင့် အလွန်ပျော်နေသည်..

ဆိုင်ပေါ်မှာတင်ရန် စာအုပ်ပြန်ဝယ်သောအခါ
စျေးတက်သွားသဖြင့် ယခင်အမျိုးအမည်အတိုင်း
ထပ်ဝယ်မည်ဆိုလျှင် သိန်း 40 ကျမည်ဟုဆိုသည်

ကိုဖြိုးမှာ ဆိုင်ပေါ်တွင် စာအုပ်ထပ်တင်ချင်ဇောဖြင့်
အဖေ့ဆီမှာ 5 သိန်း ထပ်ချေးကာ သိန်း 40 နှင့်
ယခင်စာအုပ်အမျိုးအမည်များဖြင့် ဆိုင်ပြန်ဖွင့်သည်

ယခင်လို အမြတ်နည်းနည်းနဲ့သာ ရောင်းသဖြင့်
စာအုပ်ဆိုင်မှ စာအုပ်များအကုန် ကုန်သွားပြန်သည်

စာအုပ်များကုန်အောင်ရောင်းရသဖြင့်
ကိုဖြိုးတစ်ယောက် ပျော်နေမိသည်

ယခုတစ်ခေါက်လက်ထဲတွင် 45သိန်းကျန်သည်..

ပုံနှိပ်တိုက်ဘက် စာအုပ်ထပ်မှာသောအခါ
ယခင်အမျိုးအမည်တိုင်းထပ်မှာယူဖို့
သိန်း 50 ကျပါမည်ဟု ပြောသည်

"ဟာ.. စျေးတက်လှချည််လား" ဟု တွေးကာ
အဖေ့ဆီမှ 5သိန်း ထပ်ချေးရပြန်သည်..

ယခုတစ်ခေါက်ချေးသောအခါ အဖေမှ
"နင့်စာအုပ်ဆိုင်ကမြတ်ကောမြတ်ရဲ့လား"​ဟု မေးသည်

ကိုဖြိုးကလဲ ရောင်းရသဖြင့် မြတ်သည် ဟုဖြေသည်

ဒါဆို အမြတ်ကဘယ်မလဲ ဟု အဖေမှမေးသောအခါ
ကိုဖြိုးတစ်ယောက် ခေါင်းကုတ်လေပြီ...

မူရင်း​ဆိုင်စဖွင့်ဖွင့်ချင်း သိန်း 30 ချေးသည်..
ပထမအကြိမ်စာအုပ်ပြန်တင်ဖို့5သိန်းထပ်ချေးသည်
ဒုတိယအကြိမ်စာအုပ်တင်ဖို့ 5 သိန်းထပ်ချေးရသည်

အဖေ့ဆီအကြွေးတွေက တဖြည်းဖြည်းတိုးလာသည်

အမြတ်ဘယ်မလဲ မေးသောအခါ
ဝယ်ထားတဲ့ပစ္စည်းတွေကိုပဲ ထိုးပြရမလိုလို၊
ဖွင့်ထားတဲ့ဆိုင်ကိုပဲ ထိုးပြရမလိုလို၊
ကိုဖြိုးတစ်ယောက် စဥ်းစားခေါင်းကုတ်ရလေပြီ..

ဆိုင်က မရောင်းတာမဟုတ်၊ အရမ်းရောင်းရသည်

သို့သော် အမြတ်ဟူသည်ကား ရှာမတွေ့

ကိုဖြိုးတစ်ယောက် အမြတ်ကိုလိုက်ရှာရင်း
စာအုပ်ဆိုင်မဖွင့်ခဲ့ရင်ကောင်းသားဟု တွေးမိလေသည်

ဤမှာတွင်ကား "ရောင်းရှုံး" ဟူသော
ဇာတ်လမ်းတစ်ပုဒ် တစ်ခန်းရပ်လေသည်


ိမ်စာ
Credit
စာသားများ ပြောင်းရေးသည်😅
Credit ထပ်ဆင့်ပြန်ယူသည် MTK

Photos from Daw May Thin Khaing's post 05/06/2024

မိတ်ဆွေတို့အားလုံးမင်္ဂလာပါရှင့်🙏🥰 ကျွန်မကတော့AIA Myanmar မှ အသက်အာမခံအကာအကွယ် သိန်း(500) ကို 24-4-2023ခုနှစ်ကတည်းကဝယ်ယူခဲ့သူဖြစ်ပါတယ်။ အာမခံ ထားတယ်ဆိုတာ ကိုရီယားဇာတ်ကားထဲမှာသာမြင်ဖူးခဲ့တာပါ😁😝 အလွယ်တကူဝယ်ယူခဲ့တာတော့မဟုတ်ပါဘူး
ကုမ္ပဏီရဲ့ အကြောင်းလေ့လာအတည်ပြုပြီးမှကိုယ်ဖြစ်‌စေ ချင်တဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ချင်လို့ အသက်အာမခံအကာအကွယ် ဝယ်ဖို့ဆုံးဖြတ်ခဲ့တာပါ
အို နာ သေ ဆိုတာ လူတိုင်းကြုံတွေ့ရစမြဲပါပဲ။ကျွန်မလည်း တစ်ချိန်ချိန်မှာ ကြုံလာရမှာပါ။ကျွန်မကိုယ်တိုင်က တစ်ဦးတည်းသောသမီး မိဘအားထားရာ ဆိုတော့ ငါအလုပ်မလုပ်နိုင်ခဲ့ရင် ငါ မရှိခဲ့ရင် ဆိုတဲ့အတွေးလေးတစ်ခု ကျွန်မဆီ အမြဲဝင်နေတတ်တယ် ပြီးတော့ သမီးလေးက လည်းကျောင်းတက်ရမယ့်အရွယ်ရောက်နေပြီသူ့အတွက်လည်းငွေစုမယ်ဆိုပြီး ဘဏ်မှာလည်းမစုဖြစ်ခဲ့ပါဘူး အဲ့အချက်နှစ်ချက်ကြောင့် ကျွန်မ AIAမှာအသက်အာမခံအမှန်တကယ်ဝယ်ဖြစ်သွားတယ်။ ဝယ်ဖြစ်မှ အာမခံထားခြင်းရဲ့ အနှစ်သာရ ကောင်းကျိုးတွေကို အသေးစိတ်သိလာရတယ်။
👪ချစ်ရတဲ့မိသားစုအနာဂါတ်အတွက် ငွေကြေးဆိုင်ရာ ကြိုတင်စီမံနိုင်တယ်။(နောင်၁၀နှစ်မှာ ငါငွေဘယ်လောက်စုမိရမယ်ဆိုပြီးplan ချ ငွေစုခြင်း။ကိုယ်မရှိ(သေ)ခဲ့ရင်လည်း မိသားစုအတွက်ငွေကြေးအရင်းအနှီးအထောက်အကူဖြစ်စေခြင်း)

💰အာမခံထားရင်း ငွေစုခြင်းကြောင့် တိုးရင်းပေါင်းငွေများ ပြန်လည်ထုတ်သုံးခွင့်ရှိပါတယ်ရှင့်

👿မမျှော်လင့်ထားတဲ့အန္တရာယ်တစ်စုံတစ်ရာကြောင့် သေဆုံးမှုထိမဖြစ်ပဲ အလုပ်မလုပ်နိုင်တဲ့ထာဝစဉ်မသန်စွမ်းအခြေအနေ ဖြစ်ခဲ့ရင်တောင် 💰ငွေထုပ်ပိုက်ပြီးမိသားစုနဲ့အတူ အေးချမ်းစွာ‌ ဆေးကုသနေထိုင်နိုင်ပါတယ်ရှင့်🤑

☠️ပျံ့ပွားအဆင့်ကင်ဆာကြုံတွေ့ခဲ့ရင်တောင် ဆေးကုသငွေ ကြိုတင်ထုတ်ပြီးမိသားစုအတွက်ဝန်ထုပ်ဝန်ပိုးမရှိစေပဲကုသနိုင်ပါတယ်ရှင့်

💵အာမခံပေးသွင်းငွေရဲ့ အဆ ပေါင်းများစွာ ငွေကြေးအကာအကွယ်ပေးထားလို့ အရမ်းတန်ပါတယ်ရှင့်

💵အာမခံကြေးပုံမှန်ပေးသွင်းခြင်းအားဖြင့် Bonus များလည်းရသေးတယ်နော်💰

🥰ဒီနေ့ခေတ်မှာအရာရာဈေးနှုန်းတွေမြင့်တက်နေတာနဲ့အတူ ကိုယ်လည်း တက်စရာ သွေးနဲ့ ဇတ်ကြော လိုက်တက်နေပေမယ့် 😁 💵အာမခံကြေး💵ကတော့ မတက်ပါဘူးရှင့် 🥰
အဲ့ဒီ့အချက်တွေကြောင့်ကျွန်မ စိတ်အေးချမ်းမှု ရှိပြီး အသေဖြောင့်ပြီဆိုတဲ့ခံစားချက် လေးတွေ ကျေနပ်ပီတိဖြစ်ရခြင်းတွေ အာမခံရဲ့အနှစ်သာရကောင်းကျိုးတွေကိုခံစားမိလာတယ် အခုဆိုရင် ဒုတိယနှစ်အတွက် အာမခံကြေးတောင် 24-4-2024 နေ့ ကပေးသွင်းပြီးဖြစ်ပါတယ် တစ်နှစ်တာလုံး စိတ်လုံခြုံမှုပေးခဲ့တဲ့ 🥰AIA🥰ကို အရမ်းပဲကျေးဇူးတင်ပါတယ်❤️
အခုဆိုရင်ကျွန်မ‌ခံစားသိသလိုကျွန်မပတ်ဝန်းကျင် က ချစ်ရတဲ့ သူတွေကို လည်း ခံစားရယူစေချင်တဲ့အတွက် AIAအကူအညီနဲ့ အစိုးရ အသိအမှတ်ပြု လိုင်စင်ရယူခဲ့ပြီး ခုဆိုရင် AIAမှာ ‌Financial consultant အနေနဲ့ စာချုပ်ချုပ်ဆိုပြီး အာမခံရဲ့အကျိုးကျေးဇူး တွေနဲ့အတူ ချစ်ရသူတွေထံနှလုံးသားရင်းပြီး ကူညီပေးနေပါပြီနော်
စိတ်ဝင်စားလို့ သိချင်တာ မေးမြန်းလိုပါက ဆက်သွယ်နိုင်ပါတယ်နော် 🙋‍♀️
👐warmly welcome 👐ပါရှင့်
May Thin Khaing
Financial Services Consultant
09661715544
[email protected]
Foster Financial Services
AIA Life Insurance Myanmar
Insurance

Photos from Daw May Thin Khaing's post 02/06/2024

မင်္ဂလာပါရှင်❤❤❤
ကျွန်မက​တော့ ကမ္ဘာ့အကြီးဆုံး အသက်အာမခံ ကုမ္ပဏီဖြစ်တဲ့ AIA Life Insurance Company မှာ Financial Services Consultant အဖြစ်လုပ်ကိုင်​နေသူ တစ်ဦးဖြစ်ပါတယ်။

မိတ်​ဆွေတို့ရဲ့ မိသားစု အနာဂတ်ဘဝကို အသက်အာမခံ ၊ ကျန်းမာ​ရေးအာမခံ အကာအကွယ်​နဲ့ ကူညီပေးရန် အဆင်သင့်ရှိ​နေပါပြီရှင်။

ကိုယ် နဲ့ကိုယ့် မိသားစုအနာဂတ်အတွက် ငွေကြေးနဲ့ ပတ်သက်လာရင် စိုးရိမ်ပူပန်မှုကင်းရအောင် အာမခံအကာအကွယ်ရယူထားနိုင်မှ ဘဝရဲ့ ​ခြေလှမ်းတိုင်းမှာ စိတ်အေးချမ်းရမှာပါ။​

May Thin Khaing
Financial Services Consultant
09661715544
[email protected]
Foster Financial Services
AIA Life Insurance Myanmar
https://www.facebook.com/share/p/5H6nbK1L3pgmjjaW/?mibextid=xfxF2i

21/07/2023

ဆန်တစ်အိတ် 90000, 100000 တဲ့

(1)စပါးတင်း(၁၀၀)ကို
ငွေကျပ်(၁၂)သိန်း

(2)စပါးတင်း(၁၀၀)ကိုကြိတ်
ရင်ဆန်အိတ်(၃၀)ရတယ်

'(3)ဆန်တစ်အိတ်(၄)သောင်းနဲ့ပဲ
ရောင်းရင်(၁၂)သိန်းပြန်ရဘီ

(4) ကြိတ်ခွဲခက ဖွဲနူနဲ့ဆန်ကွဲပြန်ရောင်း

ရငွေထဲကပေးလို့ရသေးသည်

(5) ဆန်တစ်အိတ်ကို တစ်သောင်းခွဲ15000
လောက်တင်(အရင်း+အမြတ်)=
55000/-ထက်ပိုမဖြစ်သင့်ဖူး

(6)အပြင်မှာ ဆန်တစ်အိတ်ဘယ်လောက်ထိ
ဝယ်စားနေကြရလည်းဆိုတာ
ကာယကံရှင်တွေအသိဆုံးပဲဖြစ်မှာပါ

လောဘ လေးနည်းနည်းလျော့ ပေးခြင်းဖြင့် သာမန်အောက်ခြေ လူတန်းစားများးကို စာနာပေးပါ။

Credit
😢😢😢

Photos from Daw May Thin Khaing's post 14/03/2023

🥰

24/08/2018

တစ္ခ်ိန္ကအမွတ္တရေလးမ်ား

Want your business to be the top-listed Accountant in Pyapon?

Click here to claim your Sponsored Listing.

Location

Website

Address

Kanseik Village Street
Pyapon